DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည့် သဘောတူစာချုပ်လွှတ်တော်အတည်ပြု
DVB
·
February 28, 2018
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည့် သဘောတူစာချုပ်လွှတ်တော်အတည်ပြု
Donate to DVB

 

နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိဘဲ သဘောတူ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)ဟာ ၂၀၁၇ခုနှစ် မေလ၂၉ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အချက် ၃၇ချက်ပါရှိတဲ့ ပြည်ထောင်စုသဘောတူစာချုပ်မှာ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၁၂) ချက်၊ စီးပွားရေးကဏ္ဍမူဝါဒသဘောတူညီချက် (၁၁)ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက် (၄) ချက်နဲ့ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ သဘောတူညီချက်(၁၀)ချက် တို့ ပါဝင်ပါတယ်။

တခါစာချုပ်ထဲမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေး အရဖြစ်စေ၊ တန်းတူရည်တူအခွင့်အရေး ရှိရမည့်အပြင်၊ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်ရှိရမည် စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို အစိုးရအစုအဖွဲ့ကိုယ်စားလှယ်၊ လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ် တို့က အသိသက်သေခြောက်ဦးနဲ့ အတူ ၂၀၁၇ မေ၂၉ ရက်မှာ လက်မှတ်ရေးထိုး ခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ကို အခုလို အတည်ပြုလိုက်နိုင်တဲ့အတွက် စာချုပ်ပါအတိုင်း နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမှာဖြစ်သလို တိုင်းရင်းသားတွေ အနေနဲ့လည်း တန်းတူရည်တူအခွင့်အရေးတွေ ရရှိကြတော့မယ်လို့ဆိုပါတယ်။

အန်စီအေစာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးတာကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သလို မနေ့ကကျင်းပတဲ့  (၁၄)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကလည်း တရားဝင် အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013