DVB Logo
Home
မြန်မာသတင်း
ကလေးလုပ်သားပြဿနာလျော့နည်းအောင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ချမှတ်၍စီစဉ်နေ
DVB
·
February 28, 2018
ကလေးလုပ်သားပြဿနာလျော့နည်းအောင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ချမှတ်၍စီစဉ်နေ
Donate to DVB

 

မြန်မာနိုင်ငံမှာ ကလေးလုပ်သားပြဿနာ လျော့နည်း ပပျောက်အောင် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ချမှတ်ပြီး ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနကပြောပါတယ်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက “အခု လုပ်နေတာကတော့ အစိုးရ အဆက်ဆက်လက်ထက်မှာ ကလေးလုပ်သား ပြဿနာကို နိုင်ငံတော်အဆင့်အနေနဲ့ကို စနစ်တကျလုပ်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ Nation Action Plan မှာ ကလေးလုပ်သားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဦးစားပေး လုပ်ရမယ့် အစီစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်” လို့  ဒီဗွီဘီကိုပြောပါတယ်။

ဒီလိုဆောင်ရွက်ဖို့အတွက် ကလေးအလုပ်သမား ပပျောက်ရေး National Action Plan ကို ရေးဆွဲနေပြီးတော့ ၂၀၁၈ ထဲမှာလုပ်မယ့် ဒုတိယအကြိမ် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းဝေးကို တင်ပြမယ်လို့သိရပါတယ်။

ကော်မတီက အတည်ပြုပြီးရင် အကောင်အထည်ဖော်နိုင်ဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြသွားဖို့ရှိနေပါတယ်။

အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲဖို့အတွက်တော့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီက အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးထား ပါတယ်။

JobNet.com.mm ရဲ့ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၅ နှစ်က ၁၇ နှစ်အတွင်း ကလေးဦးရေ စုစုပေါင်း ၁၂ သန်းကျော်မှာ ကလေးအလုပ် သမားဦးရေ ၅ ရာခိုင်နှုန်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင်နေတဲ့ ကလေး အလုပ် သမား ၄.၉ ရာခိုင်နှုန်း ပါဝင်နေတယ်လို့  ဖော်ပြထားပါတယ်။

အလုပ်လုပ်နေရတဲ့ ကလေးတွေရဲ့ ကျောင်းတက်ရောက်မှုမှာ နိမ့်ကျနေပြီး ၁၀ နှစ်အရွယ် အလုပ်လုပ် နေရတဲ့ ကလေး ၈၂ ရာခိုင်နှုန်းနဲ့ ၁၂ နှစ်အရွယ် အလုပ်လုပ်နေရတဲ့ ကလေး ၉၁ ရာခိုင်နှုန်းဟာ လုံးဝကျောင်းမနေဖူးသူတွေ ဖြစ်တယ်လို့ JobNet.com.mm ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013