DVB Logo
Home
မြန်မာသတင်း
ရွာဘုရားပွဲတွင် လူငယ်များအဖွဲ့လိုက်ရန်ဖြစ်ပွားသဖြင့် ရဲကသေနတ်ပစ်ဖောက်လူစုခွဲ
DVB
·
February 27, 2018
ရွာဘုရားပွဲတွင် လူငယ်များအဖွဲ့လိုက်ရန်ဖြစ်ပွားသဖြင့် ရဲကသေနတ်ပစ်ဖောက်လူစုခွဲ
Donate to DVB

 

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေတွင်းတူးကျေးရွာမှာရှိတဲ့ မြတ်ဒီပါရုံ ဘုရားပွဲမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းက လူငယ်တွေ အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “ခိုက်ရန်ဖြစ်ပွားနေတဲ့လူငယ်တွေဟာ တဖက်နဲ့တဖက် ခဲတွေနဲ့ပစ်ပေါက်နေတာကြောင့် ဝင်ထိန်းမရတဲ့ အဆုံး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်မိုးပေါ်ထောင်ပြီး ၃ ချက်ပစ်ခတ်လူစုခွဲခဲ့ ရတာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားသူတွေ ပစ်ပေါက်ခဲ့တဲ့ ခဲလုံးမှန်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ရန်ဖြစ်ကြတော့ ထိန်းမရတဲ့အဆုံး တခြားသူတွေကို ရန်ပြုမှာ ဆိုးတာကြောင့် သေနတ်မိုးပေါ်ထောင်ပြီး ၃ ချက်ဖောက်လိုက်တာပါ ညလည်းညဘက်ကြီး မူးလည်းမူးနေကြတာဆိုတော့ ခဲမှန်ပြီးရဲတယောက်လည်း ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူငယ်တွေထဲက လူငယ်တစ်ဦးကို အခင်းဖြစ်တဲ့နေရာမှာ ဖမ်းဆီးရမိခဲ့ပြီး ရန်ပွဲမှာပါဝင်သူတွေကို ဖမ်းဆီးအမှုဖွင့်ပြီး ဆက်လက်အရေးယူ ဆောင်ရွက် သွားဖို့ လုပ်ဆောင်နေတယ်လို့လည်းလို့လည်းဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းမှာတော့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူငယ်များတွေကို ရွှေတွင်းတူးကျေးရွာ သပြုချောင်းကျေးရွာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေပြီး ရွာနှစ်ရွာလူငယ်များ ရန်ငြိုးရန်စကြောင့် ခိုက်ရန်ဖြစ်ပွါးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေတွင်းတူးကျေးရွာမှာ မြတ်ဒီပါရုံဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ကျင်းပနေပြီး  အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်တဲ့ စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

မြမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013