DVB Logo
Home
မြန်မာသတင်း
UPDJC အစည်းအဝေးကျင်းပ၊ မွန်နှင့်ရှမ်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးကျင်းပရန်ဆွေးနွေး
DVB
·
February 27, 2018
UPDJC အစည်းအဝေးကျင်းပ၊ မွန်နှင့်ရှမ်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးကျင်းပရန်ဆွေးနွေး
Donate to DVB

 

တတိယအကြိမ် ပင်လုံညီလာလံ ကျင်းပနိုင်ရေး မွန်ပြည်သစ်ပါတီနဲ့ RCSS/SSA အဖွဲ့တို့ရဲ့ ဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အဓိကဆွေးနွေးသွားမယ်လို့ UPDJC ရဲ့ ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက ပြောပါတယ်။

“ဒီကနေ့ အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီနဲ့ RCSS/SSA တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။ RCSS/SSA ဟာဆိုရင် ၆ ကြိမ်မြောက် JMCA အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင် စေ့စပ်ဆွေးနွေးပေးခြင်းကြောင့် လင်းခေးမှာ ကျင်းပဖို့ သဘောတူညီနိုင်ခဲ့ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် RCSS/SSA တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို မူလက ဆုံးဖြတ်ထားတဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပနိုင်ခြင်းမရှိဘဲ ဒီကနေ့အထိ ဆက်လက်ဆွေးနွေးညှိုနှိုင်းအဖြေရှာနေရဆဲဖြစ်ပါတယ်။”

၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ခြင်းမရှိဘဲ အခုလို ရက်တန့်နေရတဲ့ အခြေအနေဟာ နိုင်ငံရေးဆွေးနွေးပွဲကို အဓိကတာဝန်ယူထားတဲ့ UPDJC နဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိတယ်လို့လည်း ဦးကျော်တင့်ဆွေက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ RCSS/SSA တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးဆွေး အဓိကဆွေးနွေးမယ့် UPDJC အစည်းဝေးမှာ ပါဝင်တဲ့ အဖွဲ့ အစည်းအသီးသီးက ကိုယ်စားလှယ်တွေအနေနဲ့ တစ်ဦးတစ်ဖွဲ့ကိုယ်စားဆွေးနွေးတာမျိုးမဟုတ်ဘဲ အသင်းအဖွဲပုံစံနဲ့ ဆွေးနွေးအဖြရှာကြဖို့ လိုတယ်လို့ တိုင်းရင်းသားလက်နှက်ကိုင်တပ်ဖွဲ့ကိုယ်စား UPDJC ဒုတိယ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါက်တာစလိုင်းလှုန်မှုန်းဆာခေါင်က ပြောပါတယ်။

UPDJC အစည်းအဝေးဟာ မွန်ပြည်သစ်ပါတီနဲ့ RCSS/SSA တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးဆွေးအဓိက ဆွေးနွေးခဲ့တဲ့တာဖြစ်ပေမယ့် လာမယ့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ခိုင်မာတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်ပေးကြဖို့ UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက အဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013