DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ပေါင်းတည်မြို့တွင် ဆန္ဒပြ
DVB
·
February 27, 2018
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ပေါင်းတည်မြို့တွင် ဆန္ဒပြ
Donate to DVB

တိုင်းပြည်နဲ့လူထုရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာနေစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့အတွက်  ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ဒေသခံတွေက ဒီကနေ့မနက်က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒေသခံတွေက ပေါင်းတည်မြို့၊ မှတ်တိုင်လမ်း မယ်လိုဒီ (၁) လက်ဖက်ရည်ဆိုင်ရှေ့မှာ လူစုဝေးပြီး ပြည်-ရန်ကုန်လမ်းက အာဇာနည် ကျောက်တိုင်ရှေ့ကိုသွားရောက်ကာ ကြွေးကြော်သံတွေနဲ့ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ပေါင်းတည်မြို့နေ ဦးစံမောင်က “ဥပဒေရေးဆွဲစဉ်ကတည်းက စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ ဖြစ်တာတကြောင်း၊ ပြည်သူနဲ့ အုပ်ချုပ်တဲ့သူ၊ ပညာရှင်မရှိဘဲနဲ့ ဆွဲခဲ့တဲ့ ဥပဒေ ဖြစ်တာတကြောင်း၊ တော်တော်များများ ပြင်လို့ ဖျက်လို့ မလွယ်ကူအောင် လုပ်ထားတဲ့အတွက် တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားတွေဟာ အများကြီး ထိခိုက်နစ်နာနေပါတယ်။ ဒါကြောင့်မို့လို့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရေးအတွက် ကျနော်တို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ အရင်စစ်အစိုးရလက်ထက်မှာအတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ ဖွဲ့စည်းပုံကို ရေးဆွဲတဲ့သူတွေမှာ  ပြည်သူ့ကိုယ်စားလှယ်တွေမပါလို့ လက်မခံနိုင်ဘူးလို့ ပေါင်းတည်မြို့၊ ပြည်သူ့ အကျိုးဆောင်ကွန်ရက် ကိုကျော်ကျော်လွင်က ပြောပါတယ်။

“စတင်ရေးဆွဲစဉ်ကတည်းက ပြည်သူ့ကိုယ်စားလှယ်တွေ မပါဝင်၊ အဲဒီလိုမျိုး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ ဒီမိုကရေစီ တည်ဆောက်လို့ရနိုင်တဲ့ အနေအထား မရှိဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၊ တကယ့်ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေ အဲဒီလူတွေက သဘောတူပါတယ်ဆိုရင်တောင် ပြင်လို့မရတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးက အဲဒီလိုပြင်နေမယ်ဆိုရင် နှစ်ပေါင်း ဘယ်လောက် ကြာသွားမှာလဲ။ အဲဒီတော့ ပြင်တာထက် အသစ်ရေးဆွဲလိုက်တာက ပိုပြီးတော့ မြန်ဆန်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။”

ပေါင်းတည်မြို့နေ ဦးခင်မောင်နိုင်က “ပြည်သူလူထုကို ကိုယ်စားမပြုဘူး။ ၂၀၀၈ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နေတဲ့အချိန်မှာ စစ်အာဏာရှင်တွေ အသည်းအသန် ရေးဆွဲပြီး သူတို့အတွက်ပဲ။ ပြည်သူကို အကျိုးမပြု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘာမှ အကျိုးမဖြစ်နိုင်တဲ့ တဖက်သတ် ရေးဆွဲထားတဲ့ ဥပဒေဖြစ်နေတဲ့အတွက် ဖျက်သိမ်းချင်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆန္ဒပြပွဲကို ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ခဲ့ပြီး ဒေသခံ ၇၀ လောက် ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့အတွက် ပြည်မြို့က ဒေသခံတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013