DVB Logo
Home
မြန်မာသတင်း
တပ်မတော်အရာရှိကြီးများကို ဒဏ်ခတ်အရေးယူရန် အီးယူဆုံးဖြတ်  
DVB
·
February 27, 2018
တပ်မတော်အရာရှိကြီးများကို ဒဏ်ခတ်အရေးယူရန် အီးယူဆုံးဖြတ်  
Donate to DVB

လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ တပ်မတော် ထိပ်ပိုင်းအရာရှိကြီးတွေကို အချိန်မဆွဲဘဲ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့  အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က ဘရပ်ဆဲမြို့မှာ  ဆွေးနွေး သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူက လက်ရှိကျင့်သုံးနေတဲ့ လက်နက်နဲ့  စစ်ပစ္စည်းတွေ တင်ပို့ ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

အီးယူက ခရီးသွားလာခွင့် ပိတ်ပင်ဖို့နဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ လုပ်ဆောင်ရမယ့် မြန်မာ တပ်မတော်အရာရှိတွေရဲ့ အမည်စာရင်းကို ရေးပေးဖို့လည်း အီးယူနိုင်ငံခြားရေး မူဝါဒ အကြီးအကဲထံ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အလွန်ဆိုးရွားနေဆဲ ဖြစ်တယ်၊ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စနစ်ကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချသလို ARSA နဲ့ တခြားစစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုလည်း ရှုတ်ချတယ်လို့ အီးယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ  နေရပ်ပြန်နိုင်ရေးအတွက် တာဝန်ယူ တာဝန်ခံမှုရှိရှိ လုပ်ဆောင်ပေးဖို့လည်း မြန်မာအစိုးရကို အီးယူက တောင်းဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့  လူ့အခွင့်အရေးနဲ့ လုံခြုံရေး အခြေအနေ ယိုယွင်းလာတဲ့ အခြေအနေကိုလည်း စိုးရိမ်တယ်လို့ အီးယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013