DVB Logo
Home
မြန်မာသတင်း
ဘိန်းစာရွက်ဝင်ခူးသူ မြန်မာလုပ်သားတစ်ဦး ကြိုးတုတ်ပြီး နဖူးကိုသေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
February 27, 2018
ဘိန်းစာရွက်ဝင်ခူးသူ မြန်မာလုပ်သားတစ်ဦး ကြိုးတုတ်ပြီး နဖူးကိုသေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

 

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် ဘန့်ဖျောက်မြို့နယ်ထဲမှာ ကြိုးတုတ်ပြီး နဖူးကိုသေနတ်ပစ်ခံရတဲ့ မြန်မာလုပ်သားအလောင်းတလောင်းကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါ မြန်မာအလုပ်သမားမှာ အသက် ၂၆ နှစ်ရွယ် မောင်ကျော်မင်းဦး (ခ) မင်းခိုင်ဦး ဆို သူဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်က ပျောက်ဆုံးသွားကာ ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ ဘန့်ဖျောက်မြို့နယ် ဆွန်ဆုမ့်ရပ်ကွက် ဘုန်းကြီးကျောင်းတကျောင်းအနီး ထာ့ကျင်း ချောင်းရေ ထဲ ပေါလောပေါ်နေတဲ့ သူ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူမှာ အပေါ်ပိုင်းဗလာ၊ အောက်ပိုင်းအားကစားဘောင်းဘီသာ ၀တ်ဆင်ထားပြီး လက်နှစ်ဘက်ကြိုးတုတ်ကာ ကျောက်တုံးနဲ့ ပူးချည်ထားကြောင်း ၊ လည်ပင်းမှာ ကြိုးတုတ်ခံရတဲ့ အရာ၊ နဖူးအလည်ခေါင်နဲ့ ဘယ်ဘက်နားထင်မှာ ကျည်ဆံဝင်သောအရာ သို့မဟုတ် ချွန်မြေ သာအရာနဲ့ထိုးသွင်းခံရတဲ့ အပေါက် ၂ ပေါက်ရှိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သေဆုံးသူ မင်းခိုင်ဦးမှာ ခြံအလုပ်သမားတစ်ဦးဖြစ်ပြီး ဒီမတိုင်ခင်က သူငယ်ချင်း တယောက်နဲ့အတူ အခြား သူဌေးခြံထဲက ဘိန်းစာရွက်တွေ ပိုင်ရှင်မသိအောင် သွားခူး ခဲ့ကြောင်း၊ သူဌေးရဲ့ လူ ၄ ဦးက သူတို့ကို လိုက်ဖမ်းရာ နှစ်ယောက်လုံးထွက်ပြေးပြီး တဦးက ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ မင်းခိုင်ဦးကတော့ ရေချောင်းထဲပြုတ်ကျလို့ အဖမ်း ခံခဲ့ရ တာလို့ သေဆုံးသူ ဆွေမျိုးတွေရဲ့ တိုင်ကြားချက်ကို ကိုးကားပြီး အေအေစီ အလုပ်သမား ကူညီရေး မဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း) မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ သေဆုံးတဲ့သူရဲ့ မိခင်နဲ့ ဆွေမျိုးတွေကတော့ အဲဒီသူဌေး သတ်တယ်ဘဲ ယူဆတာပေါ့နော် အဲဒါ အမှုမှန်ဖော်ထုတ်ပေးဖို့ ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျနော်တို့ဆီ လာပြီးအကူအညီ တောင်းထားတယ်။ ၊ သူတို့မိသားစုတွေက အဲဒီဖြစ်စဉ်ကို သိနေ တယ်။ သူတို့သားနဲ့ သူ့သူငယ်ချင်းက သူများခြံထဲဝင်ပြီး ဘိန်းစာရွက်ခိုးတာ။ ဟိုက ၀ိုင်းဖမ်းတော့ တယောက်ကလွတ်ပြီး အခုမြန်မာပြည်ပြန်သွားပြီ၊ မင်းခိုင်ဦးက ရေချောင်းထဲပြုတ်ကျသွားလို့ အဖမ်းခံရတယ်။ သူ့ဆွေမျိုးတွေက သူဌေးဆီသွားပြီး ဘိန်းစာရွက်ဖိုးအလျော်ပြန်ပေးပြီးတော့  ပြန်လွှတ်ပေးဖို့ တောင်းပန်တယ်။ သူဌေးက မသိဘူးလို့ ပြောလွှတ်တယ်တဲ့၊ နောက်တော့မှ အလောင်းအနေနဲ့ ပြန်တွေ့တာ၊ သူတို့ သားဆုံးတော့ သူဌေးက အကူငွေ ဘတ် ၂ သိန်းပေး တယ်၊ အဲဒါ သူ့အမေက လက်မခံဘဲ  အမှုမှန်ဖော်ထုတ်ပေးဖို့ လာပြီးတိုင်ကြားထားတာ ''

ဒီိကိစ္စ မြန်မာသံရုံးအလုပ်သမားသံအရာရှိချုပ် ဦးစန်းမောင်ဦးဆီတင်ပြပြီး ထိုင်းဥပဒေ အတိုင်း အမှုမှန်ပေါ်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေကတော့ လူပျောက်မှုနဲ့ လူသေမှုလို့ဘဲ အမှုဖွင့်ထားပြီး လူသတ်မှုနဲ့ မဖွင့်ထားသေးဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013