DVB Logo
Home
မြန်မာသတင်း
ဖုန်းဘီလ်အခွန်ငွေ ယမန်နှစ် ၆ လပတ်ထက် ကျပ် ၁၅ဘီလီယံကျော်ပိုမိုရရှိ
DVB
·
February 27, 2018
ဖုန်းဘီလ်အခွန်ငွေ ယမန်နှစ် ၆ လပတ်ထက် ကျပ် ၁၅ဘီလီယံကျော်ပိုမိုရရှိ
Donate to DVB

တယ်လီဖုန်းဘီလ်က ကောက်ခံရရှိတဲ့ အခွန်ဟာ မနှစ်က ၆ လပတ်ထက် ကျပ်သန်းပေါင်း တသောင်းခွဲလောက် ပိုရထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

မနေ့က လွှတ်တော် အစည်းအဝေးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ရဲ့ အခွန်ကောက်ခံရရှိတဲ့ အခြေအနေကို ရှင်းပြရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။


တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန်ဟာ ၄၉ ဒသမ ၅၉၃ ဘီလီယံ (ကျပ်သန်းပေါင်း ၅ သောင်းလောက်) ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါဟာ အရင်နှစ် ပထမ ၆ လပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၅ ဘီလီယံကျော် (ကျပ်သန်းပေါင်း တသောင်းခွဲကျော်) ပိုရတာ လို့လည်း ဝန်ကြီးက ပြောပါတယ်။


တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ အခွန်ဟာ တလကို ကျပ်သန်း ၉ ထောင် လောက်အထိ အများဆုံးရပြီး ပျမ်းမျှ တလကို ကျပ်သန်း ၇ ထောင်လောက်ရနေတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုထားပါတယ်။


ဖုန်းဘီလ်ခွန်ကို ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ကောက်ခံခဲ့တာဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် အဖြစ် ၅ ရာခိုင်နှုန်း ကောက်ခံနေတာပါ။


အခွန်တွေစကောက်တဲ့ ပထမဆုံးလမှာရတဲ့အခွန်တွေကို ပညာရေးကဏ္ဍအတွက် သုံးစွဲခဲ့ပြီး နောက်ပိုင်းမှာတော့ ရတဲ့ အခွန်အားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို ပေးနေတာ ဖြစ်ပါတယ်။


ဝန်ကြီးဌာနအလိုက် ကောက်ခံနေတဲ့ အခွန် ၂၁ မျိုးမှာ ၁၅ မျိုးက လျာထားချက်ထက် ပိုပြီး ကောက်ခံရရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013