DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 27, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို မနေ့ကထက် ၁,၇၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၇,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို မနေ့ကထက် ၁,၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၅၀၀ ပေါက်ဈေးရှိနေပြီး ၁,၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၀,၀၀၀၀ ကျပ်ကနေ ၁၀၁,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ကျပ် ၉၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင်မှာ ၁၉,၀၀၀ ကျပ် ဈေးကွာခြားနေပါတယ်။

ပဲဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဆီ တပိဿာကို ၃,၆၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပဲဆီက တပိဿာကို ၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကျပ် ၅၀၀ ဈေး ကွာခြားမှု ရှိပါတယ်။

ပဲတီစိမ်း
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ခရမ်း ရွှေဝါ)က တပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တပိဿာကို ၁,၇၇၀ ကျပ်ကနေ ၁,၇၉၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပြောင်းဖူးစေ့
မုံရွာကုန်စည်ဒိုင်မှာ ပြောင်းဖူးစေ့ ၅၄ ပိဿာဝင် တအိတ်ကို ၁၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ငွေကျပ် ၁၁,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်နဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ၉,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013