DVB Logo
Home
မြန်မာသတင်း
အသိဉာဏ်ပစ္စည်းမူပိုင်​အခွင့်အ​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော
DVB
·
February 27, 2018
အသိဉာဏ်ပစ္စည်းမူပိုင်​အခွင့်အ​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော
Donate to DVB

 

အသိဉာဏ်ပစ္စည်းမူပိုင်​အခွင့်အ​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ​ဖေ​ဖော်​ဝါရီလ ၂၇ ရက်​​က ရန်​ကုန်​တက္ကသိုလ်​ ဝိဇ္ဇာခန်းမမှာပြုလုပ်​ခဲ့ပါတယ်​။

အဲ့ဒီ​ဟော​ပြောပွဲမှာ ​အောင်​မြင်​တဲ့လုပ်​ငန်းပုံရိပ် ​"ကုန်​အမှတ်​တံဆိပ်​"၊ အသိဉာဏ်​ပစ္စည်းနဲ့ ပတ်​သက်​ပြီး ပိုင်​ဆိုင်​မှုအသုံးချမှုအ​ပေါ် လုပ်​ငန်းရှင်​​တွေဘက်​ကအမြင်​၊ စာ​ပေ၊ ဂီတအနုပညာ အရပ်​ရပ်​မူပိုင်​ခွင့် စတဲ့အ​ကြောင်းအရာ​တွေကို အဓိကထား​ဟော​ပြောခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာအရင်​က မရှိခဲ့သေးတဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေတွေဖြစ်တဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနဲ့ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ စတဲ့ဥပဒေ(မူကြမ်း)တွေ​ ရေးဆွဲခဲ့ပြီး အခုလွှတ်​​တော်​မှာ အမျိုးသားလွှတ်​​တော်​က အတည်​ပြုပြီးလည်းဖြစ်​ပါတယ်​။

အသိဉာဏ်​ပစ္စည်းဆိုင်​ရာ လုပ်​ငန်းရှင်​များအသင်း အ​နေနဲ့ ၂၀၁၈ခုနှစ်​အတွင်း မူပိုင်​အခွင့်အ​ရေးပ ညာ​ပေး​ဆွေး​နွေးပွဲ​တွေ လူထုကြားမှာ ကျယ်​ကျယ်​ပြန့်​ပြန့်​​ဆွေး​နွေးတာ​တွေ အသိဉာဏ်​ပစ္စည်းမူပိုင်​ခွင့်ဥပဒေတွေနဲ့အညီ တီထွင်​ဖန်​တီးသူများနဲ့ သုံးစွဲသူ​တွေအကြား အခွင့်အ​ရေးနဲ့ တာဝန်​တွေကို လိုက်​နာကျင့်သုံးတတ်​ဖို့၊ မြန်​မာ့သနပ်​ခါး မြန်​မာ့မူပိုင် ​ရရှိ​ရေး စတာ​တွေ လုပ်​​ဆောင်​ဖို့ရှိပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013