DVB Logo
Home
မြန်မာသတင်း
မဲဆွယ်အပြုံး သရော်စာအမှု တရားလိုကို စတင်စစ်ဆေး
DVB
·
February 27, 2018
မဲဆွယ်အပြုံး သရော်စာအမှု တရားလိုကို စတင်စစ်ဆေး
Donate to DVB

သရော်စာ ရေးသားဖော်ပြလို့ တိုင်းအစိုးရအဖွဲ့က တရားစွဲထားတဲ့ တနင်္သာရီဂျာနယ် အမှုနဲ့ပတ်သက်ပြီး  တရားလိုကို  စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။

တနသာင်္ရီအပတ်စဉ်ထုတ်ဂျာနယ်က ရေးသားဖော်ပြတဲ့ မဲဆွယ်အပြုံးသရော်စာပါ ရေးသား ဖော်ပြချက်တွေက တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး  ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာကို ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက ထားဝယ်မြို့နယ် တရားရုံးမှာ တိုင်းအစိုးရအဖွဲ့က ဦးတိုက်လျှောက်ထား တရားစွဲထားတာပါ။

တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူး ဦးအေးလူက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) အရ တရားလိုပြုလုပ် တရားစွဲထားပြီး  ဖေဖော်ဝါရီ ၂၆ ရက်မှာတော့ တရားလိုဖြစ်တဲ့ ဦးအေးလူကို မြို့နယ်တရားသူကြီးရဲ့ ရှေ့မှောက်မှာ နှစ်ဖက်ရှေ့နေတွေက မေးမြန်းစစ်ဆေးခဲ့တာပါ။

သရော်စာပါ ရေးသားချက်တွေအပေါ် မူတည်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်ကို ထိခိုက်စေအောင် ရည်ညွှန်းတယ်၊ ဂုဏ်သိက္ခာကျအောင် လုပ်တယ်၊ ဝန်ကြီးချုပ်ရဲ့ မိသားစုကိုပါ ပုတ်ခတ်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နှစ်ဖက်ရှေ့နေတွေရဲ့ မေးမြန်းချက်ကို  တရားလိုက ၂ နာရီခွဲကြာ ထွက်ဆိုခဲ့ပါတယ်။

လာမယ့်မတ်လ ၁၂ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး တရားလိုကို စွပ်စွဲခံရသူ ရှေ့နေက ဆက်လက်စစ်ဆေးမေးမြန်းသွားမှာပါ။ တရားစွဲဆိုခံထားရတဲ့ မဲဆွယ်အပြုံး သရော်စာကို နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် တနသာင်္ရီအပတ်စဉ် ဂျာနယ်ရဲ့ အတွဲ (၅) အမှတ် ၁၇ မှာ ဖော်ပြခဲ့တာပါ။

ဂျာနယ်ရဲ့ “မဲဆွယ်အပြုံး” သရော်စာမှာတော့ ‘ရှင်ဂွမ်းဂွိ’လို့ ခေါ်တဲ့ ကျေးရွာတရွာက အမျိုးသမီး အုပ်ချုပ်ရေးမှူးအကြောင်း သရော်ရေးဖွဲ့ထားတာပါ။ ၂ နှစ်ကျော်အကြာ အုပ်ချုပ်ရေးမှူး လုပ်လာခဲ့ပေမယ့် ရွာသူရွာသားတွေက မကြိုက်တော့တဲ့အကြောင်းနဲ့ မဲဆွယ်စည်းရုံးခဲ့စဉ်က ပေးခဲ့တဲ့ ကတိကဝတ်တွေ အကောင်ထည်မဖော်နိုင်တဲ့အကြောင်းတွေကို ဇာတ်အိမ်ဖွဲ့ သရော် ရေးသားထားတာပါ။

သရော်စာ ဆိုတာဟာ ခေတ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဇာတ်ကောင်တွေနဲ့ ဟာသရသတွေအဖြစ် ရေးသားထားတာဖြစ်လို့ လူတဦး တယောက်၊ အစုအဖွဲ့တခုကို ရည်ညွှန်းတယ်လို့ ကောက်ချက်ဆွဲမရဘူးလို့ ဂျာနယ် တာဝန်ခံအယ်ဒီတာက ပြောတယ်။

မီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ပါအချက်တွေအရ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ မစပ်ဆိုင်ရင် ပုဂ္ဂိုလ်တယောက်၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေတဲ့ အရေးအသားတွေ မလုပ်ဖို့ တားမြစ်တာ ဖြစ်ပြီး ငွေဒဏ် ၃ သိန်းက ၁၀ သိန်းအထိ ပြဋ္ဌာန်းထားပါတယ်။

မကြာသေးခင်ကလည်း The Voice သတင်းစာပါ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သက်ပြီး အယ်ဒီတာနဲ့ ရေးသားသူတွေကို တပ်မတော်က တရားစွဲဆို ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013