DVB Logo
Home
မြန်မာသတင်း
မိုင်းဖြတ်မြို့အနီးတွင် ခရီးသည်တင်ကား ပစ်ခတ်ခံရ
DVB
·
February 27, 2018
မိုင်းဖြတ်မြို့အနီးတွင် ခရီးသည်တင်ကား ပစ်ခတ်ခံရ
Donate to DVB

 

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့အနီးမှာ ခရီးသည်ယာဉ်တစီးကို ဖေဖော်ဝါရီ ၂၆ ရက်မနက်က မိုင်းဖြတ်နမ့်ယွန်းပြည်သူ့စစ် လက်နက်ကိုင် ၂ ဦးက ပစ်ခတ်ခဲ့တယ်လို့ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ခရီးသည်တင်ယာဉ် Hight Ace ဟာ ကျိုင်းတုံမြို့ကနေ တာချီလိတ်မြို့ကို မောင်းနှင်လာတာဖြစ်ပြီး မိုင်းဖြတ်မြို့အနီးက မိုင်တိုင် (၆၉၇)မှာ ပြည်သူ့စစ် လက်နက်ကိုင် နှစ်ဦးက ရပ်တန့်ခိုင်းချိန်မှာ ယာဉ်မောင်းက မသင်္ကာလို့ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်မောင်းနှင်တဲ့အခိုက် ယာဉ်နောက်ပိုင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မော်တော်ယာဉ်ကို သေနတ်နဲ့ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ခရီးသွားတဦးက "လူကိုတော့ မထိဘူး။ ကားနောက်ဖုံးတွေတော့ သေနတ်ဒဏ်ရာတွေ ရသွားတယ်။ ကားတာယာ ပွင့်သွားတဲ့အတွက် ကားကို မရပ်ရဲဘူး။ ဒီအတိုင်း ဆက်မောင်းခဲ့တာ မိုင်ဝက်လောက်အကွာက ရွာရောက်မှ ကားတာယာလဲရတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကားတာယာပွင့်ခဲ့ပြီး ကားနောက်ဖုံးမှာလည်း သေနတ်ကျည်ဝင်တဲ့ ဒဏ်ရာတွေ တွေ့ရပေမယ့်  ခရီးသည်တွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူ နှစ်ဦးကိုတော့ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားခြင်းမရှိဘဲ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်မှာသာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း - (ကိုဇက်၊ တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013