DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ် ကျောင်းသင်္ကြန်တွင် ခိုက်ရန်ဖြစ်ပွား
DVB
·
February 27, 2018
မုံရွာတက္ကသိုလ် ကျောင်းသင်္ကြန်တွင် ခိုက်ရန်ဖြစ်ပွား
1 / 2
Donate to DVB

၂၀၁၇-၁၈ ပညာသင်နှစ် မုံရွာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်ကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက မုံရွာတက္ကသိုလ်ဝင်းအတွင်း ဘူမိဗေဒအဆောင်နဲ့ ပထဝီဝင်ဌာန အဆောင်ကြား မြေကွက်လပ်မှာ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

ကျောင်းတွင်းသင်္ကြန် ကျင်းပနေစဉ်အတွင်း ပြင်ပလာရောက်တဲ့ အရပ်သားတွေ ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့ပြီး ဒဏ်ရာရသွားလို့ တက္ကသိုလ်ဆေးရုံ ပို့ဆောင်ရတာတွေလည်း ရှိခဲ့တယ်လို့  ဒုပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကျောင်းသူ၊ ကျောင်းသားတွေ မဟုတ်ပါဘူး။ သင်္ကြန်က အေးအေးဆေးဆေးပါ။ အပြင်က အရပ်သားတွေပါ။ သူတို့ အပြင်ကကိစ္စကို ဒီမှာ လာဖြစ်တဲ့သဘောပါ။ သူတို့အချင်းချင်းပါ။ ခေါင်း နည်းနည်းပေါက်သွားတဲ့ ကလေးကိုလည်း တက္ကသိုလ်ဆေးရုံမှာ ပတ်တီးစည်းပြီးတော့ ပြန်လွှတ်လိုက်ပါပြီ။ အေးအေးဆေးဆေးပါ။ ဆရာတွေကော၊ ကျောင်းသားတွေရော လုံခြုံရေးအပြည့် ချထားခဲ့ပါတယ်။ အခုဖြစ်တာလေးကလွဲရင် ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေးပါ။"

ဒီကျောင်းသင်္ကြန်ပွဲကို မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်နိုင်ဦး၊ ဒေါက်တာစိန်စိန်အောင်နဲ့ ပါမောက္ခ၊ ဌာနမှူးတွေ၊ တကသခေါင်းဆောင်တွေ၊ ကျောင်းသား ကျောင်းသူတွေ အယောက် ၂၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

မုံရွာမြို့မှာ တက္ကသိုလ်သင်္ကြန်တွေကို ပြီးခဲ့တဲ့ ပညာသင်နှစ်က စတင်ကာ ကွန်ပျူတာ၊ နည်းပညာ၊ စီးပွားရေး၊ ဝိဇ္ဖာ သိပ္ပံ စတဲ့ တက္ကသိုလ်အလိုက် ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ် မုံရွာတက္ကသိုလ်မှာ ကျင်းပတဲ့ ကျောင်းသင်္ကြန်မှာလည်း ဓားထိုးမှုတခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အခြားတက္ကသိုလ်တွေကလည်း အလားတူ ကျောင်းသင်္ကြန်တွေကို မကြာခင် ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တာတွေတော့ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013