DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းစာပါ သတင်းအချို့ သတင်းတန်ဖိုးအားနည်းနေဟု ပြန်ကြားရေးဒုဝန်ကြီး ဝေဖန်
DVB
·
February 27, 2018
နိုင်ငံပိုင်သတင်းစာပါ သတင်းအချို့ သတင်းတန်ဖိုးအားနည်းနေဟု ပြန်ကြားရေးဒုဝန်ကြီး ဝေဖန်
Donate to DVB

နိုင်ငံပိုင်သတင်းစာတွေက တချို့သတင်းတွေဟာ သတင်းတန်ဖိုးအားနည်းပြီး နောက်ဆက်တွဲ ဖော်ပြဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ပြန်ကြားရေး ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံပိုင်သတင်းစာတွေနဲ့ သတင်းစဉ်က စာတည်းမှူးချုပ်တွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တာလို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ''ကျနော် သတိထားမိတာ တခုက အခြား သတင်းဌာနတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်တို့ သတင်းစာတွေမှာ ပါရှိတဲ့ အချို့သတင်းတွေဟာ သတင်းတန်ဖိုး အားနည်းတာမျိုး၊ သတင်းရေးသားမှုပုံစံမှာ အားနည်းတာမျိုး၊ သတင်းစောင့်ကြည့်မှုနဲ့ နောက်ဆက်တွဲ ဖော်ပြနိုင်မှု လိုအပ်ချက်တွေကို မြင်တွေ့ရတယ်။ အခုလို ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး လိုအပ်ချက်တွေ၊ အခက်အခဲတွေနဲ့ လုပ်ငန်းဆောင်ရွက်မှု အပိုင်းတွေကို သိရှိရတဲ့အတွက် အများကြီး အကျိုးရှိပါတယ်''လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက အကြောင်းအရာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖော်ပြနိုင်ရေးနဲ့ မြန်မာတို့ရဲ့အသံကို ကမ္ဘာ့မီဒီယာတွေအထိ ထိုးဖောက်နိုင်ဖို့အတွက် သတင်းစာသမားတွေမှာ တာဝန်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဓိကတာဝန်ဟာလည်း မြန်မာရဲ့အသံကို ပိုမိုဖော်ထုတ်နိုင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ နိုင်ငံပိုင်သတင်းစာတွေအဖြစ် မြန်မာ့အလင်း၊ ကြေးမုံ၊ နေပြည်တော် သတင်းစာနဲ့ The Global New Light of Myanmar တို့ ရှိနေတာဖြစ်ပြီး မြန်မာ့သတင်းစဉ် ပြည်တွင်းနဲ့ နိုင်ငံခြားဌာနတို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013