DVB Logo
Home
မြန်မာသတင်း
တိုက်ခန်းဝယ်လိုသူများအား စိစစ်ထောက်ခံပေးရန် လွှတ်တော်အမတ်များကိုညွန်ကြား  
DVB
·
February 27, 2018
တိုက်ခန်းဝယ်လိုသူများအား စိစစ်ထောက်ခံပေးရန် လွှတ်တော်အမတ်များကိုညွန်ကြား  
Donate to DVB

 

ရန်ကုန်မြို့က အစိုးရအိမ်ရာစီမံကိန်းတွေက အိမ်ခန်းဝယ်ရင် အုပ်ချုပ်ရေးမှူး ထောက်ခံချက် အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားဝယ်ယူရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြား စာပေးပို့လိုက်ပါတယ်။

ဒီကိစ္စ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း လိုအပ်သလို စိစစ်ပြီး ထပ်ဆင့်ထောက်ခံပေးကြဖို့လည်း လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ညွန်ကြား ထားပါတယ်။

ဒီလိုထောက်ခံချက် လိုအပ်ကြောင်းကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အစိုးရ အိမ်ရာစီမံကိန်းမှာ အိမ်ခန်းဝယ်ယူ လျှောက်ထားချင်သူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းတွေက အိမ်ခန်းတခန်းပဲ လျှောက်ထားခွင့်ရှိပြီး၊ အိမ် သို့မဟုတ် မြေပိုင်ဆိုင်မှု မရှိကြောင်းကို လက်ရှိနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံချက်ရယူပြီးရင် သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့ လျှောက်ထားရမှဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ ထောက်ခံချက် မပါရင် လျှောက်လွှာကို လက်ခံမှာ မဟုတ်ကြောင်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “အစကတော့ ကိုယ်စားလှယ်က အရင်ထောက်ခံရမယ်လို့ ပြောတယ်။ နောက်တော့ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လက်မှတ်ထိုးပြီးမှ ကိုယ်စားလှယ်က ထပ်ဆင့်ထောက်ခံရတဲ့ ပုံစံဆိုတော့ မခက်ပါဘူး။ ဒီလို ကိုယ်စားလှယ်တွေ ပါလာတဲ့အတွက် ရပ်ကွက်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကလည်း မတရားမလုပ်နိုင်တော့ဘူးပေါ့။ ကျနော့်ဆီကိုတော့ ၆ ယောက်လောက် လာတယ်။ စာရွက်စာတမ်းတွေ မပြည့်စုံလို့ တယောက်ကိုပဲ ထောက်ခံပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

အရင်အစိုးရလက်ထက်မှာတော့ အိမ်ရာက အခန်းဝယ်ယူရေး ကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံစာ မလိုဘဲ ရပ်ကွက်နဲ့ မြို့နယ်က ထောက်ခံစာပဲ လိုတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်က ပြောပါတယ်။

သူတို့အနေနဲ့လည်း ရပ်ကွက်ထဲမှာ အိမ်၊ ခြံမြေ ပိုင်ဆိုင်မှု ရှိ၊ မရှိလောက်ကိုပဲ သိနိုင်ပြီး တခြားနေရာတွေမှာ ပိုင်ဆိုင်ထားတယ်ဆိုတာမျိုးကိုတော့ စုံစမ်းလို့ မရနိုင်ဘူးလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013