DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးဟု ကမ္ဘာ့ဘဏ် ပြော
DVB
·
February 27, 2018
မြန်မာ့ကုန်သွယ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးဟု ကမ္ဘာ့ဘဏ် ပြော
Donate to DVB

 

မြန်မာရဲ့ နှစ်စဉ်ကုန်သွယ်ရေးနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ နှစ်ဆတိုးခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ဒေသတွင်းဒါရိုက်တာ မစ္စအီလန် ဂိုလ်ဒ်စတိန်းကပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲ Myanmar Development Effectiveness Roundtable အပြီးမှာ နိုင်ငံပိုင်မီဒီယာကို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာလည်း ၇ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့လည်း သူက ပြောပါတယ်။

“၂ဝ၁၁ မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ကတည်းက ဈေးကွက်စနစ် အမျိုးမျိုးမှာ ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ပြီး တော်တော်လေး တိုးတက်လာခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာဟာနှစ်စဉ် ကုန်သွယ်ရေးနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးခဲ့ပြီး GDP ၇ ရာခိုင်နှုန်းရှိလာတဲ့ နောက်ဆုံး နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုမှာ ဈေးကွက် လျှော့ချမှုနဲ့ ငွေလုံးငွေရင်းရငွေမှာ ထင်သာတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ အညွှန်းကိန်းတခု ဖြစ်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ ဒီနေ့အချိန်အထိ တော်တော်လေးတိုးတက်မှု တွေ ရှိနေတယ်လို မြင်ပါတယ်။”

နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာ အရေးအကြီးဆုံးက ပုဂ္ဂလိကနဲ့ ဆက်စပ်နေတဲ့ ကဏ္ဍတွေကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် သူက  နိုင်ငံအတွင်း ငြိမ်းချမ်းရေး အယူဝါဒတွေနဲ့ ချိတ်ဆက်နေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေမှာ စိုးရိမ်မှု တချို့ရှိတာက လွဲပြီး တခြားကဏ္ဍတွေမှာ ကျသွားတာ မတွေ့ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်  ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာလည်း သမ္မတ ဦးထင်ကျော်က  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံရဲ့ GDP ကို ၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းပြီး ပြည်သူတဦးချင်းစီရဲ့ ထုတ်လုပ်မှုတန်ဖိုးကို တနှစ် ကျပ် ၁၇ သိန်းရရှိဖို့ စီမံကိန်း ရေးဆွဲထားတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013