DVB Logo
Home
မြန်မာသတင်း
မန္တလေးမဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေကို အရေးယူရန် လုပ်ဆောင်သွားမည်ဟု ဥပဒေအကြံပေးပြော
DVB
·
February 27, 2018
မန္တလေးမဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေကို အရေးယူရန် လုပ်ဆောင်သွားမည်ဟု ဥပဒေအကြံပေးပြော
Donate to DVB

 

ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ မန္တလေးမဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေဟာ မမှန်သက်သေ တင်သွင်းခဲ့တာကြောင့် အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဦးကျော်မျိုးရွှေသည် သူ့အနေနဲ့ ခိုင်ခိုင်မာမာသက်သေ မပြနိုင်တဲ့ မမှန်သက်သေခံကို ဖန်တီးပြီးတော့ ရုံးတော်ကို တင်ပြခဲ့တယ်။ ရုံးတော်က ပယ်လိုက်တယ်။ မမှန်သက်သေခံ ဖန်တီးတဲ့ အတွက် ကျနော်တို့က လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ ပါရာဇိက ကျသွားတယ်လို့ ဖော်ပြထားတဲ့သတင်းကို Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်းရဲ့ လူမှုကွန်ရက် စာမျက်နှာ Ba Kaung အကောင့်မှာ ရေးသားဖော်ပြခဲ့တာကြောင့် ဆရာတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းတယ်ဆိုပြီး ဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို မန္တလေးမြို့၊ အမှတ် ၇ ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။

၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့ပြီး  ဇူလိုင်လ ကုန်ပိုင်းက ကိုဆွေဝင်းကို ဖမ်းဆီးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ မဟာအောင်မြို့မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရုံးချိန်းပေါင်း ၁၉ ချိန်း ရှိခဲ့ပြီဖြစ်ပါတယ်။

ဦးဝီရသူ ပါရာဇိက ကျ၊ မကျဆိုတာကို သံဃဝိနိစ္ဆယ ခုံရုံးက ဆုံးဖြတ်ထားတာ မရှိသေးဘဲ စစ်ဆေးနိုင်တဲ့ အခွင့်အာဏာမရှိတဲ့ တရားရုံးကနေ သာသနာရေးဝန်ကြီးဌာနရဲ့ မှတ်ချက်ကို လွန်ဆန်ပြီးတော့ ဆက်လက်ဆောင်ရွက်နေတာလို့လည်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

အိမ်ခိုင်မြဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013