DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲ ကြံ့ခိုင်ရေးပါတီ ပြုလုပ်မည်
DVB
·
February 27, 2018
မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲ ကြံ့ခိုင်ရေးပါတီ ပြုလုပ်မည်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဂုဏ်ပြုထောက်ခံပွဲကို မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မနက်ဖြန် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက် စိန်ပါတီကွင်းမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

မွန်ပြည်သစ်ပါတီ  အန်စီအေ လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လမ်းပွင့်သွားမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတရပ်လို့ ယူဆပြီး ဒေသခံပြည်သူတွေကိုလည်း အန်စီအေလက်မှတ်ရေးထိုးရခြင်းကို သိရှိနားလည်စေလိုလို့ ဖြစ်ကြောင်း မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခုလို လက်မှတ်ရေးထိုးတာကလည်း ပြည်သူအချို့က သိပ်ပြီးနားမလည်ကြသေးဘူး၊ အဲဒါလေးကိုလည်း သိစေချင်တယ်၊ ကျနော်တို့ပါတီအနေနဲ့လည်း နိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ခံယူပါတယ်၊ လုပ်သင့်တယ်လို့ ယူဆတယ်၊ ပြည်သူတွေက ပူးပေါင်းပြီးတော့ ထောက်ခံတယ် ဆိုတယ်၊ ရှင်းရှင်းပြောရင် ပြည်သူက လုပ်စေချင်လို့ ကျနော်တို့က ဒါကို ကမကထဦးစီးပြီးတော့ လုပ်လိုက်တာပါ။”

အဲဒီထောက်ခံပွဲကို အင်အား ၃၀၀၀ ခွင့်ပြုမိန့် တင်ပြထားပြီး မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီတွေ၊ မွန်စာပေယဉ်ကျေးမှုကော်မတီ အပါအဝင် ပြည်သူတွေ တက်ရောက် ပူးပေါင်းပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

“ဒီလိုပွဲလုပ်တဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဆိုလိုတာက ပါတီပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ဒါတွေဟာ ခွဲခြားစရာမလိုဘူး၊ အမျိုးသားရေးနဲ့ဆိုင်တဲ့ကိစ္စတွေ ဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ကိစ္စတွေလည်း ဖြစ်တဲ့အတွက် အဲဒါတွေကို ကျနော်တို့ပါတီ ဦးဆောင်လို့ဆိုတဲ့ အမြင်ထက်စာရင် အားလုံးက ပူးပေါင်းပြီးတော့ ဒါတွေကို ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်” လို့ ဦးဝင်းမော်ဦးက ဆက်လက်ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေဟာ ဖေဖော်ဝါရီ  ၁၃ ရက်နေ့က လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့နဲ့အတူ  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013