DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်​သမား​များ လုပ်​ငန်းခွင်​ပြန်ဝင်ပြီး တောင်းဆိုကြရန် ပရီမီယာစက်​ရုံတာဝန်ရှိ ​ပြော
DVB
·
February 26, 2018
ဆန္ဒပြအလုပ်​သမား​များ လုပ်​ငန်းခွင်​ပြန်ဝင်ပြီး တောင်းဆိုကြရန် ပရီမီယာစက်​ရုံတာဝန်ရှိ ​ပြော
1 / 2
Donate to DVB

 

လှိုင်​သာယာစက်​မှုဇုန်​ ၃ အတွင်းမှာရှိတဲ့ ပရီမီယာစက်​ရုံ​ရှေ့မှာ ဆန္ဒထုတ်​​ဖော်​​နေကြတဲ့ အလုပ်​သမား ၆၀၀ ​ကျော်​ လုပ်​ငန်းခွင်ထဲ ပြန်​လည်​​ဝင်​ရောက်​လုပ်​လုပ်​​ကိုင်​ပြီး တောင်းဆိုကြဖို့ စက်ရုံဘက်​က ဝန်​ထမ်း​ရေးရာတာဝန်​ရှိသူတ​ဦးက ​ပြောပါတယ်​။

ဆန္ဒပြတဲ့ ရက်​ ၁၅ ရက်​မှာ ညှိနိုင်းမှု ၆ ကြိမ်​လုပ်​ခဲ့​ပေမယ့် မ​ပြေလည်​​သေးတဲ့ ပရီမီယာ​ကော်​ဖီစက်​ရုံ အလုပ်​ရှင်၊ ​အလုပ်​သမား အငြင်းပွားမှုနဲ့ပတ်​သက်ပြီး ​ပြေလည်​မှု မရ​သေးတာပဲဖြစ်​ပါတယ်​။

စက်ရုံဘက်​က ထုတ်​ပြန်​ချက်​ထဲမှာ လုပ်​သား​တွေအ​နေနဲ့. ​ဖေ​ဖော်​ဝါရီ ၆ ရက်​​နေ့က​နေစပြီး လုပ်​ခလစာတိုးမြှင့်ပေး​စေလို​ကြောင်း စတင်​​တောင်းဆိုခဲ့ပြီး ညှိနိုင်းတာတွေ လုပ်​​နေတဲ့ ကာလမှာပဲ ကုမ္ပဏီနဲ့ အလုပ်​ရှင်​အလုပ်​သမား EC စာချုပ်​ပါ အချက်​တချို့ကို အလုပ်​သမား​တွေ ဘက်​က စတင်​​ဖောက်​ဖျက်​ခဲ့ပြီး အလုပ်​ရှင်​အ​ပေါ်ဖိအား​ပေးခဲ့တယ်​လို့ ပါရှိပါတယ်​။ ဒါ့ပြင်​ စက်​ရုံအ​နေနဲ့ အလုပ်​သမား​တွေကို အနည်းဆုံးလုပ်​လခစာ သတ်​မှတ်​ချက်​ထက်​ ပို​ပေးထား တယ်​လို့ ဆိုပါတယ်​။

“ကျမတို့ မတရား​တောင်းဆို​နေသလား၊ မ​တောင်းဆိုဘူးလားဆိုတာ စာဖတ်​တတ်​သူတိုင်း သိပါတယ်​။ ကျမတို့ကို အခုလာညှိနှိုင်းသူ​တွေထဲမှာ ဆုံးဖြတ်​နိုင်​စွမ်းရှိတဲ့ လူတ​ယောက်​မှမပါဘူး” လို့ ပရီမီယာစက်​ရုံအလုပ်​သမား​သမဂ္ဂက ဘဏ္ဍာ​ရေးမှူး မခိုင်​ခင်​မိုးက​ပြောပါတယ်။

အခုလို အလုပ်​ရှင်​အလုပ်​သမားညှိနှိုင်း​နေစဉ်​ကာလမှာ အလုပ်​သမားသမဂ္ဂ​အဖွဲ့ဝင်​​တွေ အ​နေနဲ့  စု​ပေါင်း​တောင်းဆိုမူ​တွေကို လုပ်​ငန်းခွင်​အတွင်း ပြန်​လည်​ဝင်​​ရောက်​ပြီး ဆက်​လက်​​ တောင်းဆိုဖို့ စက်​ရုံဘက်​က ​မေတ္တာရပ်​ခံထားပါတယ်​။

ပရီမီယာစက်​ရုံက အလုပ်​သမား​ရေးရာ တာဝန်​ရှိသူက “ကျမတို့ဘက်​က ဥပ​ဒေပါ အချက်​​တွေကို အကုန်​လိုက်​​လျောထားပါတယ်​။ အလုပ်​သမား​တွေ လုပ်​ငန်းခွင်​ပြန်​ဝင်​ဖို့လည်း ​မျှော်​လင့်နေပါတယ်​” လို့ ​ပြောပါတယ်​။

လက်​ရှိအ​ခြေ​နေမှာ စက်​ရုံလုပ်​သား ၆၀၀​ ကျော်​​လောက် အပြင်​ထွက်​ ဆန္ဒပြ​တောင်းဆို​ နေတဲ့အတွက်​ ပရီမီယာ​ကော်​ဖီစက်​ရုံထုတ် ​ကုန်​လုပ်​ငန်း​တွေ လည်​ပတ်​ဖို့ ထိခိုက်​​နေပြီး လက်​ကျန်​ဝန်​ထမ်း ၃၀၀​ ကျော်​နဲ့ လည်​ပတ်​​အောင် ​ကြိုးစား​နေတယ်​လို့ ဆိုပါတယ်​။

ဒီအလုပ်​ရှင်​ အလုပ်​သမားအ​ရေးနဲ့ပတ်​သက်​ပြီး လှိုင်​သာယာမြို့နယ်​ အမျိုးသား ဒီမိုက​ရေစီရုံးမှာ ​ဖေ​ဖော်ဝါရီ ၂၆ ရက်​​နေ့က လွှတ်​​တော်​ကိုယ်​စားလှယ်ေ​တွေ အလုပ်​သမားအ​ရေး ​ဆောင်​ရွက်​သူ​တွေက ကြားဝင်​ညှိနိုင်း​ဖြေရှင်း​ပေး​ပေး​နေပြီး ၂၇ ရက်​​နေ့မှာလည်း အလုပ်​သမား​ရေးရာ ညှိနှိုင်း​ဖြေရှင်း​ရေးရုံးမှာ ၇ ​ကြိမ်​​မြောက်​ ထပ်​ညှိနှိုင်းဖို့ရှိ​နေပါတယ်​။

အလုပ်​သမား​တွေက​တော့ သူတို့​တောင်းဆိုချက်​​တွေဟာ မများပဲ အလုပ်​သမား အခွင့်အ​ရေးအရ ​တောင်းဆိုတာ ဖြစ်​တယ်​လို့ ​ပြောပါတယ်​။

အလုပ်​ရှင်​​တွေဘက်​က အလုပ်​သမား​တွေအလုပ်​ခွင်​ပြန်​ဝင်​​ရေးနဲ့ ​တောင်းဆိုချက်​​တွေကို ဥပ​ဒေအတိုင်းပဲ ဆက်​လက်​​ဆောင်​ရွက်​သွားဖို့ ရှိ​နေတယ်​လို့ ​ပြောပါတယ်​။

စက်ရုံ​​ရှေ့မှာ​တော့ ​ဖေ​ဖော်​ဝါရီ ၁၉ ရက်​​နေ့ရက်​စွဲနဲ့. ၂၁ ရက်​​နေ့ မနက်​မှာ ဆန္ဒပြအလုပ်​သမား​တွေဟာ လုပ်​ငန်းခွင်​ထဲကို ပြန်​လည်​ဝင်​​ရောက်​ပြီး လုပ်​ငန်း​တွေကို လုပ်​​ဆောင်​ခြင်းမရှိပါက အလုပ်​က ထုတ်​ပယ်​မယ်​လို့ ​ကြေညာချက်​ကို ဗီနိုင်းချိတ်​ဆွဲပြီး ကပ်​ထား​ပေမယ့် လက်​​တွေ့မှာ​တော့ အလုပ်​ထုတ်​ပယ်​ခြင်းထက်​ စက်​ရုံတွင်း အလုပ်​ပြန်​လာဆင်း​ ပေး​ရေးကိုပဲ ​မျှော်​လင့်​ထားတယ်​လို့. ဝန်​ထမ်း​ရေးရာ တာဝန်​ရှိသူက ရှင်းပြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013