DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 26, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၅၀,၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၈,၀၀၀ ပေါက်ပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၃၈,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၅၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ၃၆,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲခြမ်း
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲခြမ်း (929) က တပိဿာကို ၁,၉၅၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တပိဿာကို ၂,၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်ဖြူ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (ကြုကုတ်၊ လွိုင်ကော်၊ တောင်ကြီး၊ အောင်ပန်း)က တပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၅၅၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇၀၀ ကျပ်ကနေ ၁,၄၀၀ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁,၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၀၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၇,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၉၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၁,၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ၂,၇၅၀ ကျပ် ဈေးကွာခြားနေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ အများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၈၀၀ ကျပ်ကနေ ၁,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ တပိဿာကို ၁၀၀ ကျပ် ဈေး ကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013