DVB Logo
Home
မြန်မာသတင်း
အန္တရာယ်ကြီးမားသည့် အမျိုးသားရေးပြဿနာ ပေါ်လာနိုင်ဟု သာသနာရေးဝန်ကြီး ပြော (ရုပ်သံ)
DVB
·
February 26, 2018
အန္တရာယ်ကြီးမားသည့် အမျိုးသားရေးပြဿနာ ပေါ်လာနိုင်ဟု သာသနာရေးဝန်ကြီး ပြော (ရုပ်သံ)
Donate to DVB

 

အဓမ္မဝါဒီ သံဃာတော်တွေကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားရေးပြဿနာ ပေါ်ပေါက်လာ နိုင်ပြီး အဲဒီကိစ္စရင်ဆိုင်နိုင်ဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နှက်ကိုင်၊ သံဃာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ညီညွတ်တဲ့ စည်းလုံးမှုရှိဖို့ မဖြစ်မနေ လိုအပ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

“အဲဒီအွန်လိုင်းကကော၊ စာနဲ့ကော၊ နှုတ်နဲ့ကော တရားမဲ့ ပြောဆိုမှုတွေ၊ တိုက်တွန်းမှုတွေ၊ နှိုးဆော်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ ရဟန်းသံဃာတွေကို အခြေခံ အုပ်ချုပ်တဲ့ သံဃာအဖွဲ့အစည်းတွေကို စာနဲ့ လျောက်တင်ပါတယ်။ ဒါသည် အဓမ္မဝါဒဖြစ်ပါတယ်။ ဒါတွေကို ဆရာတော်တို့ အဖွဲ့အစည်းအနေနဲ့ ထိန်းကြောင်းပဲ့ပြင်၊ ဆုံးမပေးပါလို့ တင်ပြလျှောက်ထားပါတယ်။ မှတ်တမ်းရှိပါတယ်။ ဒါက တသက်လုံး မနေပါဘူး။ ဒီအတွက်ကိုလည်း ပြည်သူလူထုရဲ့ တောင်းဆိုလာမှု ပိုပိုညံလာပါတယ်။ သို့သော် ခုနက ပြောသလိုပေါ့ နောက်က ကိစ္စ လျှော့တွက်လို့ မရပါဘူး။ နောက်ကကိစ္စက ဒီထက်ကို ကြီးကျယ်လာနိုင်ပါတယ်။ အမျိုးသားရေးကိစ္စကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်နိုင်ဖို့ အတွက်ကို သံဃာ့အဖွဲ့အစည်းတွေ၊ တပ်မတော်၊ အစိုးရ၊ ပြည်သူတင်မကဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ အဲဒီလို မတည်ဆောက်ရင်တော့ သမိုင်းနောင်တတွေ ကောင်းကောင်းရသွားပါမယ်။”

လူသတ်သမားကို ထောက်ခံပြောဆို အားပေးထားတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သံဃာတွေနဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး  ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြန်လည်ဖြေဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013