DVB Logo
Home
မြန်မာသတင်း

မကွေးတွင် ကိုယ်စားလှယ်များကန့်ကွက်သဖြင့် ၀န်ကြီး ၂ ဦးအမည် ပြန်ရုပ်သိမ်းလိုက်ရ

DVB
·
February 26, 2018
မကွေးတွင် ကိုယ်စားလှယ်များကန့်ကွက်သဖြင့် ၀န်ကြီး ၂ ဦးအမည် ပြန်ရုပ်သိမ်းလိုက်ရ
Donate to DVB

 

မကွေးတိုင်းမှာ တိုင်းဝန်ကြီးချုပ်က တင်သွင်းတဲ့ ၀န်ကြီး ၂ ဦးကို လွှတ်တော်ကိုယ်စားလှယ် တွေက ကန့်ကွက်လို့ ပြန်ရုပ်သိမ်းလိုက်ရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ တိုင်းလွှတ်တော် အရေးပေါ်အစည်းဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတာက  ၀န်ကြီးချုပ်ရဲ့ ရုပ်သိမ်းလွှာကို အခုလို ဖတ်ပြသွားပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျနော် အောင်မိုးညိုက လစ်လပ်လျက်ရှိသော ဝန်ကြီးရာထူး နှစ်နေရာအတွက် ဦးအောင်ကျော်မိုးနှင့် ဦးအေးငွေတို့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်၌ အမည်စာရင်း တင်သွင်းခဲ့ပါသည်။ သို့သော် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ၎င်းနှစ်ဦးအား အမည်စာရင်း တင်သွင်းထားခြင်းအား ပြန်လည်ရုပ်သိမ်းပါကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။”

ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်နည်းဥပဒေအရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးရဲ့ ကန့်ကွက်မှုအဆိုကိုလည်း ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

“၂၆-၂-၂၀၁၈ နေ့ အစည်းအဝေး ဒုတိယနေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးမှ ကန့်ကွက်မှုအခြေအနေကို တင်ပြလာပါတယ်။ ယင်းကန့်ကွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ နည်းဥပဒေနှင့် ညီ၊ မညီ အချိန်ယူ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သို့ပါ၍ မကွေးတိုင်းဒေသကြီး လွှတ်တော်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုထားသူနှစ်ဦးကို ပြန်လည်ရုပ်သိမ်းသွားသည့်အတွက် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉(ဃ)အရ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှ အမည်စာရင်းတို့နှင့်စပ်လျဉ်း၍ ကန့်ကွက်မှုအဆိုကို ပြန်လည်ရုပ်သိမ်းအပ်ပါတယ်။”

မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဌာန ဝန်ကြီးနေရာနဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဌာန ဝန်ကြီးနေရာတို့အတွက်  တိုင်းဝန်ကြီးချုပ်က ဦးအေးငွေ ဆိုသူနဲ့ ဦးအောင်ကျော်မိုး ဆိုသူတို့ကို အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ် ၂ ဦးအနက် တဦးဟာ တချိန်က အန်အယ်လ်ဒီပါတီဝင် ၀န်ထမ်းတဦးကို အပြစ်ပေးခဲ့ဖူးတဲ့ အဖွဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပြီးတဲ့နောက် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013