DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာလုပ်သားတဦး ဆောက်လက်စတိုက်ပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
February 26, 2018
ချင်းမိုင်တွင် မြန်မာလုပ်သားတဦး ဆောက်လက်စတိုက်ပေါ်မှ ပြုတ်ကျသေဆုံး
Donate to DVB

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာ မြန်မာအလုပ်သမားတဦး ဆောက်လက်စ ၃ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်လေရွာသား စိုင်းပညာ လုန်းတ (အသက် ၃၆ နှစ်) မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တိုက်အိမ်နံရံပေါ် ဆေးတက်သုတ်စဉ် ပြုတ်ကျလာလို့  နခွမ်းဖိင်းဆေးရုံမှာ ကုသနေရာမှ ၂၄ ရက်နေ့က သေဆုံးသွားတယ်လို့ ဇနီးဖြစ်သူ နန်းမွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးအဖေက မဲ့လိမ်းကျားစခန်းသွားတဲ့ လမ်းပေါ်က ဆောက်လက်စတိုက်မှာ အလုပ် သွားလုပ်တယ်။ သူက ဆေးသုတ်သမားပေါ့၊ သူ့ခါးမှာ ကြိုးချည်ပြီး တိုက်နံရံပေါ် ဆေးတက်သုတ် တာ၊ ကြိုးကပြတ်သွားပြီး အောက်ကို ပြုတ်ကျပါတယ်ရှင့်။ ရင်ဘတ်မှာရော၊ ခေါင်းမှာရော ဒဏ်ရာရတယ်တဲ့၊ ကျမ သိတော့ ဆေးရုံကို လိုက်သွားတယ်၊ သူသတိမရတော့ဘူး။  ဆေးရုံမှာ ၄ ရက်ကြာပြီး ဆုံးသွားပြီ။”

သေဆုံးသူ စိုင်းပညာမှာ အသက် ၇ နှစ်၊ ၄ နှစ် နဲ့ ၅ လသာ လူမမယ်ကလေး ၃ ဦး ကျန်ရစ်ပြီး မိသားစုကို တဦးတည်း ရှာဖွေကျွေးမွေးနေတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်တွင်း အလုပ်လုပ်လုပ်စဉ် မတော်တဆ သေဆုံးပါက အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနက လျော်ကြေးဘတ် ၄ သိန်း ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် စိုင်းပညာမှာ နေထိုင်ခွင့်ကတ်သာရှိပြီး အလုပ်သမားကတ် မရှိတဲ့အတွက် လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး တစုံတရာမရကြောင်း၊ အသုဘချဖို့ကိစ္စ အလုပ်ရှင်က တာဝန်ယူပေမယ့် ဇနီးဖြစ်သူမှာ ထိုင်းမှာ နေခွင့်လက်မှတ်မရှိ၊ ကလေး ၃ ယောက် တာဝန်နဲ့ ဒုက္ခရောက်နေလို့ လတ်တလော စားဝတ်နေရေးနဲ့ မြန်မာပြည်ပြန်ဖို့ လမ်းစရိတ် အကူအညီ လိုအပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အဝေးရောက် ဆွေမျိုးတွေနဲ့ အကူအညီပေးလိုသူတွေ နန်းမွန်း ဖုန်းနံပါတ် ၀၉၃ ၂၇၄ ၀၉၉၆ ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013