DVB Logo
Home
မြန်မာသတင်း
ခေတ်​ကာလများကြားက စကားဝိုင်း​ဆွေး​နွေးပွဲတခု သထုံမြို့တွင် ပြုလုပ်
DVB
·
February 26, 2018
ခေတ်​ကာလများကြားက စကားဝိုင်း​ဆွေး​နွေးပွဲတခု သထုံမြို့တွင် ပြုလုပ်
Donate to DVB

 

မြန်​မာနိုင်​ငံရဲ့ ​ခေတ်​အလိုက်​နိုင်​ငံ​ရေးအ​ပေါ်အသိအမြင်​စံနှုန်း ကွာဟချက်​နဲ့ အ​တွေ့အကြုံ တွေကို ဒီနေ့ လူငယ်​တွေ ပိုမိုသိရှိနိုင်​ဖို့အတွက်​​ ခေတ်​ကာလများကြားက စကားဝိုင်း​ဆွေး​နွေးပွဲ တွေကို မွန်​ပြည်​နယ်​အတွင်းမှာ SEED for Myanmar (မွန်​ပြည်နယ်) က လိုက်​လံပြုလုပ်​​ပေးနေ ပါတယ်။

မွန်​ပြည်​နယ်​၊ သထုံမြို့၊ ဝါးပါးဆည်အနီးရှိ Two Lakes ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ခေတ်​ကာလတွေကို မတူညီစွာနဲ့ဖြတ်​သန်းလာခဲ့ကြသူတွေကို ဖိတ်​ကြားပြီး​ ခေတ်​ အလိုက်​ နိုင်​ငံ​ရေးအသိအမြင်​တွေ ဒီမိုက​ရေစီစံနှုန်းကွာဟမှုနဲ့ အ​တွေ့အကြုံတွေကို​ ဆွေး​နွေးပြီး ယ​နေ့ခေတ်​လူငယ်​တွေ နိုင်​ငံ​ရေးအ​တွေးအ​ခေါ်များရရှိ​စေရန်​ဆိုတဲ့ ရည်​ရွယ်​ချက်​တွေနဲ့ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

SEED for Myanmar(မွန်​ပြည်​နယ်​)မှ အမှု​ဆောင်​ဒါရိုက်​တာ ကိုဟိန်းပိုင်​ထူးချစ်​က​ "လူကြီး​တွေရဲ့ ကွာဟချက်​နဲ့ လူငယ်​​တွေရဲ့ လိုအပ်​ချက်​​တွေကို ​ဆွေး​နွေးကြပြီိး လက်​ရှိနိုင်​ငံ​ရေး လုပ်​​ဆောင်​သူ​တွေက ယ​နေ့​ခေတ်​လူငယ်​​တွေကို နိုင်​ငံ​ရေးအသိပညာ​တွေ မျှ​ဝေပေးသွားမှသာ အနာဂတ်​နိုင်​ငံ​တော်​ရဲ့ ဒီမိုက​ရေစီလမ်း​ကြောင်းမှာ နိုင်​ငံ​ရေးအသိအမြင်​ပြည့်ဝတဲ့ လူငယ်​တွေ ပါဝင်​လာနိုင်မှာဖြစ်​တယ်​" လို့ပြောပါတယ်။

မွန်ပြည်​နယ်​အတွင်းမှာ လူငယ်​ဖွံ့ဖြိုး​ရေးအစီအစဉ်ဖြင့် စကားဝိုင်း​ဆွေး​နွေးပွဲတွေကို ၂၀၁၈ ခုနှစ်​နှစ်​ဦးပိုင်းမှ စတင်ကာ Konrad Adenauer Foundation (ဂျာမနီ)ရဲ့ ပံ့ပိုးမှုနဲ့ မော်​လမြိုင်မြို့နဲ့ သထုံမြို့တွေမှာ ပြုလုပ်​ခဲ့ပြီး ကျန်​မြို့တွေလည်း ဆက်​လက်​ပြုလုပ်​သွားဖို့​ရှိ​ကြောင်း SEED for Myanmar(မွန်​ပြည်​နယ်​)မှ သိရပါတယ်။

"လွန်​ခဲ့တဲ့ ​ခေတ်​ကာလ​တွေမှာ တိုင်းရင်းသား​တွေမှာ အ​ကြောက်​တရား​ကြောင့် နိုင်​ငံ​ရေး ကို မလုပ်​ဖြစ်​ခဲ့ကြဘူး။ အခု​နောက်​ပိုင်း ပွင့်လင်းမြင်​သာမှု ရှိလာ​တော့မှ နိုင်​ငံ​ရေးကို စိတ်​ဝင်​စား လာကြတယ်​။ ဒီမိုက​ရေစီရဲ့အနှစ်​သာရနဲ့ လူ့အခွင့်အ​ရေး​တွေကို နိုင်​ငံသားပြည်​သူတိုင်း သိရှိနားလည်​​အောင် ​​လေ့လာထားဖို့ လိုပါတယ်​"လို့ အဆိုပါ စကားဝိုင်း​ဆွေး​နွေးပွဲ တက်​​ရောက်​လာတဲ့ အင်းကွဲ​ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူ နန်းသန်းသန်းဝင်းက​ပြောပါတယ်။

ဒါ့အပြင် ​အသက် ​၁၅ နှစ်​မှ ၃၀ ကြား လူငယ်​တွေအတွက်​ လူငယ်​ပညာ​ပေး အစီအစဉ်​တွေ၊ အလုပ်​အကိုင်​အခွင့်အလမ်းရရှိ​ရေးနဲ့ နိုင်​ငံ​ရေးအသိ အမြင်​ ဖွင့် သင်​တန်းတွေလို နည်းပညာနဲ့ အခြားလိုအပ်​တဲ့ေ​ထောက်​ပံ့မှုတွေကို ကူညီ​ဆောင်​ရွက်​​ပေးနေတယ်လို့ သိရပါတယ်။

သတင်း=ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013