DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအဆင့် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲ ကျင်းပ
DVB
·
February 26, 2018
စစ်ကိုင်းတိုင်းအဆင့် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲ ကျင်းပ
Donate to DVB

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းအဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သတင်းမီဒီယာ စတဲ့ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲကို မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်တို့ ဦးဆောင်တဲ့ တရားရေးအဖွဲ့က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်းအတွင်းက သတင်းစာဆရာတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အခုလို မဏ္ဍိုင် ၄ ရပ် ဆွေးနွေးပွဲတွေကို ရခိုင်၊ ရှမ်း၊ မကွေး၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခုမှာလည်း ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းက ၇ ခုမြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က “အဓိကကတော့ မဏ္ဍိုင် ၄ ရပ်လုံးရဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် လိုအပ်ချက်၊ အခက်အခဲတွေကို ဖြေရှင်းတဲ့ သဘောပါ။ တချို့ကိစ္စတွေမှာ တခါတည်း ပြေလည်တာတွေ ရှိသလို တချို့ကိစ္စတွေကတော့ ဖြည်းဖြည်းချင်း ဖြေရှင်းရမယ့်ကိစ္စတွေလည်း ရှိပါတယ်။ အားလုံး အပေါင်းလက္ခဏာဆောင်တာချည်းတော့ မဟုတ်ပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ပြဋ္ဌာန်းထားတဲ့ မီဒီယာဥပဒေမှာလည်း အားနည်းချက်တွေ များစွာရှိနေပြီး ကောင်စီအနေနဲ့ ဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မီဒီယာဥပဒေ ရှိပေမယ့် တခြားဥပဒေတွေက ရှိနေတော့ ကောင်စီအနေနဲ့လည်း မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

ကောင်စီကို တိုင်ကြားတဲ့အထဲက တဝက်လောက်ကို ပြေလည်အောင် ဖြေရှင်းပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆွေးနွေးပွဲတွေကို တခြား ကျန်နေသေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013