DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် စက်လှေမှောက်၍ ကျောင်းသားကျောင်းသူ ၉ ဦး ပျောက်ဆုံးနေ
DVB
·
February 26, 2018
အင်းတော်ကြီးတွင် စက်လှေမှောက်၍ ကျောင်းသားကျောင်းသူ ၉ ဦး ပျောက်ဆုံးနေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် လုံးတုံကျေးရွာအုပ်စု လုံစန့်ကျေးရွာ အင်းတော်ကြီး အိုင်ထဲမှာ မနေ့ညနေ ၅ နာရီလောက်က စက်လှေတစ်စီး ရုတ်တရက်လေပြင်းတိုက်လို့  မှောက်သွားပြီး  ကျောင်းသားတွေ အပါအ၀င်  ၉  ဦး ပျောက်ဆုံးနေပါတယ်။

စက်လှေပေါ်မှာ ရှစ်တန်း ကျောင်းသူ/ ကျောင်းသား ၁၅ ဦး၊ ဆရာမတစ်ဦး၊ စက်လှေမောင်းသူရဲ့ အသက် (၂၀) နှစ်အရွယ် သမီးတစ်ဦးနဲ့ စက်လှေမောင်းသူအပါအဝင် ၁၈ ဦးလိုက်ပါသွားတာပါ။

နစ်မြုပ်သွားတဲ့ စက်လှေပေါ်ကနေ ကျောင်းဆရာမ တစ်ဦးနဲ့ စက်လှေမောင်းသူအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၇) ဦးကို အနီးမှာရှိတဲ့ ငါးဖမ်းသမားတွေက ဆယ်ယူနိုင်ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေဆီက သိရပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ ရှစ်တန်းကျောင်းသူ ၇ ဦး၊ ရှစ်တန်းကျောင်းသား တစ်ဦးနဲ့ စက်လှေမောင်းသူရဲ့သမီး အသက်၂၀ နှစ်အရွယ် တစ်ဦး ပါဝင်ပါတယ်။  ည ၉ နာရီကျော်တဲ့အထိ ပျောက်ဆုံးနေသူတွေကို ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့လည်း လုံးတုံဆေးရုံကို ရောက်ရှိနေတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။

အင်းတော်ကြီးအိုင် အရှေ့ဘက်ကမ်းမှာရှိတဲ့ လုံးစန့် အလက ကျောင်းက အလယ်တန်းပြ ဆရာမ ဒေါ်သန်းသန်းစိုး ဦးဆောင်တဲ့ ရှစ်တန်းကျောင်းသား ကျောင်းသူ ၁၆ ယောက်ဟာ ဦးမောင်မောင်ဦး မောင်းနှင်တဲ့ စက်လှေနဲ့ အင်းတော်ကြီးအိုင် အတွင်းရှိ ရွှေမဉ္ဇူရေလယ်ဘုရား ဖူးပြီးအပြန်မှာ နန့်မီးလောင်ကျေးရွာအနီးက ဒေသအခေါ် နန့်မီးလောင်စွယ်အနီးမှာ မှောက်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရှစ်တန်းကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့မှာ စာမေးပွဲအတွက် နောက်ဆုံး တစ်ဘာသာ ဖြေဆိုဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  လုံးတုံပြည်သူ့ဆေးရုံနဲ့ လုံးတုံရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

သတင်း - ဇော်မိုးထက် ( ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013