
ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၃၇ ကျပ်၊ ၁ ယူရိုငွေကို ၁၆၄၂ ဒသမ ၈ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၁၃ ဒသမ ၁ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၅၀ ဒသမ ၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၀ ဒသမ ၉၇ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၉ ဒသမ ၇၈ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၀ ဒသမ ၂၀ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၅၆ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၃၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၃၄၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၃၇ ဒေါ်လာ ဈေးပေါက်ပါတယ်။











