DVB Logo
Home
မြန်မာသတင်း
တပ်မတော်အကြီးအကဲကို အိုင်စီစီတရားရုံးတင်ရန် ကြိုးပမ်းမှု ၂၁ ပါတီ ကန့်ကွက်
DVB
·
February 26, 2018
တပ်မတော်အကြီးအကဲကို အိုင်စီစီတရားရုံးတင်ရန် ကြိုးပမ်းမှု ၂၁ ပါတီ ကန့်ကွက်
Donate to DVB

တပ်မတော် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး(အိုင်စီစီ) တင်ပြီး အရေးယူဖို့ အကွက်ချ လုပ်ဆောင်နေတာတွေကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ နိုင်ငံရေးပါတီ ၂၁ ပါတီက  သဘောထားထုတ်ပြန်ပါတယ်။

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး(အိုင်စီစီ)ကို တင်ပြီး အရေးယူနိုင်စေဖို့အတွက် ဗြိတိန်ပါလီမန်အမတ် တရာကျော်က အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုထားနဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တာပါ။

ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ နိုင်ငံရေးပါတီ ၂၀ တို့ ရန်ကုန်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ် တွေ့ဆုံပွဲမှာ လက်ရှိအမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့  ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်မူကြမ်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စ၊ တပ်မတော် တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးသို့ တင်ပို့ အရေးယူနိုင်ရန် အကွက်ချ ဆောင်ရွက်နေမှုတွေနဲ့၊ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ ထိရောက်တဲ့ ပြစ်ဒဏ် (သေဒဏ်)ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စုနေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံရေးပါတီ ၂၁ ခုတို့ တွေ့ဆုံပွဲအပြီး တွေ့ဆုံပွဲ ကောက်နုတ်ချက်တွေကို ဖော်ပြထားရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားမှာ No Man land လို့ သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့ နယ်မြေ လုံးဝ မရှိဘူး။ No Man land နယ်မြေအဖြစ် စတင်ခေါ်ဝေါ်သုံးစွဲမှုတွေ သတ်မှတ်ဖို့ ကြံစည် အားထုတ်တာတွေကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း ဖော်ပြပါတယ်။

Photo : The Union Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013