DVB Logo
Home
မြန်မာသတင်း
ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် ပူးပေါင်း၍  Miracle သီချင်းကို သီဆိုမည်
DVB
·
February 26, 2018
ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် ပူးပေါင်း၍  Miracle သီချင်းကို သီဆိုမည်
Donate to DVB

ဂီတလောကမှာ အသစ်အဆန်းဖြစ်ဖို့အတွက် ရည်ရွယ်ပြီး “Miracle” အမည်ရ တေးသီချင်းကို အမေရိကန်အဆိုတော်တဦးဖြစ်တဲ့ Luncifer နဲ့အတူ ပူးပေါင်းသီဆိုသွားမယ်လို့  အဆိုတော် ဖြူဖြူကျော်သိန်း ပြောပါတယ်။

“ဖြူဖြူနဲ့ Luncifer ပထမဦးဆုံး ပူးပေါင်းပြီး သီချင်းလေးလုပ်ဖို့ ရှိပါတယ်။ သီချင်းစာသားကို သူတို့ဘက်က မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ရေးပေးတယ်။ အဲဒါကို On Air အစီအစဉ်မှာ စပြီး ကြော်ငြာမယ်။ သူတို့ဂီတပုံစံက ဖြူဖြူအတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ ဒီက ဂီတအနေအထားအတွက်ရော ပုံစံအသစ်လေးတခု ဖြစ်မယ်လို့ ယုံကြည်တယ်။ သီချင်းလေးထဲမှာ မယ်လိုဒီစာသားရော၊ ရက်ပ်စာသားရော ပါတယ်။ ဖြူဖြူကတော့ မယ်လိုဒီစာသားကို ဆိုမှာပါ။ ဂီတလောကအတွက် အသစ်အဆန်းဖြစ်မယ်လို့ ထင်ပြီး စွန့်စားလုပ်ကြည့်တဲ့ သဘောပါ။”

မတ် ၁၈ ရက်နေ့မှာ Channel 7 ရဲ့ On Air အစီအစဉ်ကနေ  ထုတ်လွှင့်ပြသသွားမယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းက ဂီတလောကမှာ ကိုယ်ပိုင်သီချင်းတွေကိုသာ သီဆိုတာများပြီး ပြန်ဆိုတေးသီဆိုရင်လည်း မိမိကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့သာ သီဆိုတယ်လို့ ဆိုပါတယ်။

“ဖြူဖြူ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက သီချင်းတွေကို သီဆိုခဲ့တာပါ။ ဖြူဖြူ သီချင်းစဆိုတုန်းကထက် အခုအချိန်က ပိုပြီး ပြန်ဆိုတေးတွေဆိုတာ များပါတယ်။ အဆိုတော် တော်တော်များများကလည်း ပြန်ဆိုတေးတွေ ဆိုကြပါတယ်။ အဲဒီထဲမှာ ပြန်ဆိုတေးကို ဖြူဖြူကိုယ်တိုင်လည်း သိပ်ပြီး မဆိုခဲ့ပါဘူး။ ပြန်ဆိုတေး အနည်းဆုံးဆိုတဲ့ အဆိုတော်လို့တောင် ပြောလို့ရပါတယ်။ ပြန်ဆိုတေးကို ဆိုရတယ်ဆိုရင်လည်း အရင်ကဆိုခဲ့တဲ့ အဆိုရှင်တွေ၊ သီချင်းရေးသားပေးခဲ့တဲ့ သူတွေကို လေးစားတဲ့စိတ်နဲ့ အမြဲ အကောင်းဆုံး ပြန်သီဆိုပါတယ်။ နောက်တခုက ဖြူဖြူ ပြန်ဆိုတေးဆိုရင်လည်း ဖြူဖြူ့ပင်ကိုပုံစံနဲ့ ပင်ကိုဟန်နဲ့ပဲ သီဆိုဖြစ်ပါတယ်။”

လတ်တလောမှာတော့  ဖြူဖြူကျော်သိန်းဟာ နှလုံးသားဒိုင်ယာရီထဲက သီချင်းများ-၂၊ မန်းသီရိတေးသံသွင်း နှစ် ၄၀ ပြည့် ဂီတသင်္ကေတ၊ တေးရေးဂီတစာဆို ကိုလေးလွင် အမှတ်တရရွှေ သီချင်းများ၊ လှိုင်းနှစ် ၅၀ ပြည့် ရွှေရတုသီချင်းများ အစရှိတဲ့ တေးစီးရီးအခွေထဲမှာ ပါဝင်သီဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013