DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မင်းလှဆေးရုံကို ဆေးရုံသုံးပစ္စည်းများ ပေးအပ်
DVB
·
February 26, 2018
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မင်းလှဆေးရုံကို ဆေးရုံသုံးပစ္စည်းများ ပေးအပ်
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းလှမြို့မှာရှိတဲ့ မင်းလှမြို့နယ်ဆေးရုံအတွက်  မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထန်းကိုင်းရေနံမြေက ဆေးရုံသုံးပစ္စည်းတွေ  ဖေဖော်ဝါရီ ၂၅ ရက်က ပေးအပ်လိုက်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လူမှုတာဝန်သိမှု (CSR) အစီအစဉ်အရ ဆေးရုံသုံးပစ္စည်းတွေ ဖြစ်တဲ့ (Operation Monitor Mechine/Suction Mechine/ECG/Air set) အရေးပေါ် အသက်ရှူစက်၊  ၅၀၀ လီတာ ရေသန့်စက်၊ လူနာခုတင်အလုံး ၂၀၊ လူနာထိုင် ခုံတန်းရှည် ၁၀ လုံးနဲ့ မင်းလှမြို့နေ ပြည်သူတွေ အသုံးပြုဖို့ ရေဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် ၂ လုံးတို့ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းက ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်ပြီး သက်ဆိုင်ရာ ဆေးရုံတာဝန်ခံနဲ့ မင်းလှမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့က လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းပြန်လည် ပေးအပ်ပါတယ်။

အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်ပြီး အမှာစကား ပြောကြားပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ထန်းကိုင်ရေနံမြေ CSR ရန်ပုံငွေ သိန်းပေါင်း ၂၂၇၇ ကျပ်ကို ကျေးရွာပေါင်း ၂၂ ရွာနဲ့  မင်းလှမြို့ပေါ်အတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013