DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက် ၂၁ ပါတီ  ပြင်းထန်စွာ ကန့်ကွက်
DVB
·
February 26, 2018
ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက် ၂၁ ပါတီ  ပြင်းထန်စွာ ကန့်ကွက်
Donate to DVB

လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို  ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၂၁ ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ပါတီ ၂၁ပါတီရဲ့ ပူးတွဲ  ကြေညာချက်ထဲမှာ ငြိမ်းစုစီ ဥပဒေ ပြင်ဆင်မယ့် ဥပဒေမူကြမ်းရဲ့ ပုဒ်မ ၁၈ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ဖောက်ဖျက်တယ်လို့ ဖော်ပြထားပါတယ်။

ဥပဒေမူကြမ်းရဲ့ ပုဒ်မ ၁၈ မှာ  မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကို လည်းကောင်း အခြားနည်းလမ်း တခုခုကိုသော် လည်းကောင်း သုံးစွဲ၍  သူတဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်ဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ မှာ ပေးအပ်ထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဖြစ်တဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စီတန်းလှည့်လည်ခွင့်ရှိသည်ဆိုတဲ့ ပြဌာန်းချက်တို့ကို ဥပဒေကို အကောင်အထည်ဖော်မယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့က စိတ်ကြိုက်အခြေအနေ ဖန်တီးနိုင်ခွင့်ရရှိဖို့  ပြင်ဆင်ဆောင်ရွက်လာနိုင်တယ်။ ဒါ့အပြင် ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်ဟာ အာဏာပိုင်တွေရဲ့ လုပ်ရပ်အလွဲအမှားတွေကို ဘယ်လိုမှ ထောက်ပြ ဆန့်ကျင်ခြင်း မပြုနိုင်ဖို့ ထိန်းချုပ်တာလို့လည်း ပါတီ ၂၁ ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ခုရဲ့ ပူးတွဲကြေညာချက်မှာ တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ ပါတီခေါင်းဆောင်တွေလည်း ပါဝင်လက်မှတ်ရေးထိုးထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013