DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် အုပ်ချုပ်ရေးမှူးဟောင်းအပါအ၀င် ၃ဦးကို ရဲက စစ်ဆေးမြန်းနေ
DVB
·
February 26, 2018
စစ်တွေတွင် အုပ်ချုပ်ရေးမှူးဟောင်းအပါအ၀င် ၃ဦးကို ရဲက စစ်ဆေးမြန်းနေ
Donate to DVB

 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက် အပါအဝင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက်နဲ့ အရပ်သားတစ်ယောက်တို့ကို စစ်တွေမြို့မ ရဲစခန်းက စစ်ဆေးမြန်းဖို့  ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်စိုး(ခ)မဲလုံးကို မနေ့ညနေ၆နာရီခွဲက နေအိမ်ကနေတဆင့် ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်သွားတာဖြစ်ပြီး အခြားနှစ်ယောက်ကို မွန်းလွဲပိုင်းမှာ ခေါ်သွားတာလို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုနိုင်စိုးနဲ့ညီအကိုတော်စပ်သူ ကိုရဲပိုင်စိုးက” ညနေ၆နာရီခွဲလောက်က မိသားစုထမင်းစားဖို့ လုပ်နေတုန်း စခန်းမှူး အပါအဝင်ရဲ ၁၀ယောက်လောက် လာပြီးတော့ စစ်ဆေးစရာတွေရှိတယ် ဆိုပြီးတော့ ပြည်နယ်မှူး ကခေါ်ခိုင်းတယ်ဆိုပြီးတော့ စခန်းကို ခေါ်သွားတယ်။ ကျနော်တို့ ဒီစခန်းကိုရောက်တော့ ဘာမှမသိရသေးဘူး။ ၂နာရီလောက်တော့ ရှိပါပြီ။ စစ်ဆေးနေတုန်းပဲ လို့ပြောပါတယ်။ ဘာမှာတော့ ပြောမသွားပါဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာလို့”ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်ဦးရွှေထွန်းအောင်ရဲ့ ညီတော်စပ်သူ ကိုမောင်မြင့်ရွှေက ”ကျနော်အစ်ကိုကို ခေါ်သွားတာကတော့ ပိုက်ဆံကိစ္စ ရှင်းစရာရှိတယ်ဆိုပြီး အဲ့လို့ခေါ်သွားတာ ကျနော်အစ်ကိုကို ဒီကရဲ လို့ပြောတယ်။ (အမှတ်၁ရဲစခန်းကို ဆိုလိုသည်) ကျနော်အစ်ကို ကိုမောင်သန်းရွှေရယ် နောက်ပြီး နောက်တယောက် ကိုခေါ်သွားတာပါ။ အခုအချိန်အထိကျနော်တို့ ဘာမှမသိရသေးဘူး”လို့ပြောပါတယ်။

ခုလိုခေါ်ယူစစ်ဆေးနေတဲ့ အကြောင်းရင်းကို သိရဖို့ စစ်တွေမြို့ မရဲစခန်းကို ဒီဗွီဘီကိုက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မေးမြန်းလို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၄ရက်က ဒေသန္တရ မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လူ(၃)ယောက်ကို ပထမဆုံး ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013