DVB Logo
Home
မြန်မာသတင်း
ကျွဲနွားများ တင်ဆောင်လာသည့်ကား ကျောက်မဲမြို့နယ်တွင် ပစ်ခတ်ခံရ
DVB
·
February 25, 2018
ကျွဲနွားများ တင်ဆောင်လာသည့်ကား ကျောက်မဲမြို့နယ်တွင် ပစ်ခတ်ခံရ
Donate to DVB

 

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ ကျွဲနွားတွေ တင်ဆောင်လာတဲ့ ကားတစီးဟာ မနေ့က လက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်ခတ်တာကို ခံရပြီး ပါလာသူတချို့ ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁ နာရီကျော်အချိန်က ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာနဲ့ နောင်ပြစ်ရွာ လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၈၉ မှာ မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို ပစ်ခတ်ခဲ့တာပါ။

အဲဒီကားဟာ တရားဝင်သယ်ဆောင်လာတဲ့ ကျွဲနွားတွေနဲ့ နောင်ချိုက ကျောက်မဲကို မောင်းနှင်လာတာ ဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ၄ ယောက် လိုက်ပါလာပါတယ်။

ပေါက်ကွဲသံကြားလို့ ကားရဲ့ လေအိတ်ပေါက်တယ်ထင်ပြီး ရပ်တန့်လိုက်ရာမှာ လမ်းဘေး တောင်ကုန်းပေါ်က လက်နက်ကိုင် ၈ ယောက်လောက်က ဝိုင်းဝန်းပစ်ခတ်လို့ ပါလာသူတွေဟာ ကားကိုထားပြီး ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကားပေါ်ပါလာသူ ၃ ယောက်မှာ ပါး၊ ကျောနဲ့ လက်တွေမှာ ကျည်ဆန်ထိမှန်ပြီး ကျောက်မဲဆေးရုံမှာ ဆေးကုနေရပါတယ်။ နောက်တယောက်မှာတော့ ချိုစောင်း၊ နောက်စေ့ အောက်နဲ့ တင်ပါးအထက်တွေမှာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားလို့ မန္တလေးဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ ဆိုပါတယ်။

ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013