DVB Logo
Home
မြန်မာသတင်း
"တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ" အစီရင်ခံစာ ထုတ်ပြန်
DVB
·
February 25, 2018
"တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ" အစီရင်ခံစာ ထုတ်ပြန်
1 / 2
Donate to DVB

 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြုလုပ်​ထားတဲ့ "တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ" ဆိုတဲ့ အစီရင်ခံစာတစ်​ခုကို ​ဖေ​ဖော်​ဝါရီလ ၂၅ ရက်​​နေ့က မိတ်​ဆက်​ထုတ်​ပြန်​လိုက်​ပါတယ်​။

အစီရင်​ခံစာမိတ်​ဆက်​တာကို ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ Kafe in Town မှာပြုလုပ်​ခဲ့တာပါ။

ဒီအစီရင်ခံစာဟာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဆောင်ရွက်နေဆဲဖြစ်တဲ့ သုတေသန​တွေထဲက ပထမဆုံး ထုတ်ဝေလိုက်တဲ့ သုတေသန စာတမ်းလည်းဖြစ်​ပါတယ်​။

အဲ့စာတမ်းကို ISP Mynamar က တရုတ်​​လေ့လာ​ရေးဌာန တာဝန်​ခံနှင့် စီမံကိန်း ညှိနှိုင်း​ရေးမှူးဖြစ်​တဲ့ ​ဒေါ်ခင်​ခင်​​ကျော်​ကြီး ပြုစုထားတဲ့စာတမ်းဖြစ်​ပါတယ်​။

စာတမ်းမှာ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးက အရေးပါသူ​တွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အမျိုးမျိုးသော ဆက်ဆံရေးကို လေ့လာခြင်းနဲ့ တရုတ်​နိုင်​ငံရဲ့ အကျိုးစီးပွားလိုလားချက်​တွေကို ပုံဖော်ထားတာလည်းသိရပါတယ်​။

အစီရင်ခံစာ မိတ်ဆက်ပွဲမှာ စာတမ်းမှာ အဓိက တွေ့ရှိချက်​တွေကို ရှင်းလင်းတင်​ပြခဲ့သလို အနာဂတ် မြန်မာ-တရုတ် ဆက်ဆံရေး အလားအလာနဲ့ပတ်​သတ်​ပြီး ဆွေးနွေးခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013