DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုဒေသထွက် ရွှေအိုရောင်မြန်မာ့ပုလဲ လူကြိုက်များနေ
DVB
·
February 25, 2018
မြိတ်ကျွန်းစုဒေသထွက် ရွှေအိုရောင်မြန်မာ့ပုလဲ လူကြိုက်များနေ
1 / 4
Donate to DVB

 

မြိတ်ဒေသထွက် ပုလဲတွေအနက် ရွှေအိုရောင်ပုလဲကို  ပြည်တွင်းပြည်ပ ခရီးသွားတွေက စိတ်ဝင်တစားနဲ့ ၀ယ်ယူအားပေးတာတွေ များလာတယ်လို့ မြန်မာ့ ပုလဲရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

မြိတ်မြို့မှ Royal Pearl မြန်မာ့ပုလဲနှင့် စိန်ရတနာ ရောင်းဝယ်ရေးဆိုင်မှ ဒေါ်ပွင့်ဖြူဖြူနိုင် က “မြန်မာ့ပုလဲ ရောင်း/ ၀ယ်ရေး အခြေအနေနဲ့ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထက် အခု ဆိုလျှင် ပိုပြီးတော့ ရောင်းအား တက်လာတာ တွေ့ရပါတယ်။ နောက်ပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားတွေ များလာတော့ မြိတ်ဒေသမှာလည်း ပုလဲရောင်းချတဲ့ ဆိုင်တွေလည်း များလာတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြိတ်ကျွန်းစု ဒေသထွက် ရွှေအိုရောင်ပုလဲကို ကမ္ဘာက စိတ်ဝင်စားမှု မြင့်တက်လာတယ်’’လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှ ထွက်ရှိတဲ့ မြန်မာ့ပုလဲ ရွှေအိုရောင်ဟာ ရောင်းအား အကောင်ဆုံးဖြစ်ကာ အာရှမှာ ၀ယ်ယူသူများပြီး အရည်အသွေးပိုင်မှာ စိတ်ချရတဲ့အတွက် ပြည်တွင်းမှ မြိတ်ဒေသကို လာရောက်လည်ပတ် ရောက်ရှိလာတဲ့ ဧည့်သည်တွေလည်း တဆင့် ပြန်လည် ရောင်းချဖို့အထိ ၀ယ်ယူတာတွေလည်း ရှိလာပါတယ်။

တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြိတ်ကျွန်းစုနဲ့ ကော့သောင်းမြို့နယ်တို့က ကျွန်းတွေမှာ မွေးမြူနေတဲ့ မြန်မာ့ပုလဲတွေကို လူကြိုက်များပြီး ရွှေအိုရောင်ပုလဲကို နှစ်ခြိုက်သူများတဲ့အတွက် အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြိတ်မြို့နယ် မြိတ်ကမ်းနားလမ်း ရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမျိုးလွင်က “ကျနော်တို့က ရွှေအိုရောင် ပုလဲနဲ့ပတ်သက်ပြီး၊ အခု နိုင်ငံပိုင် ပုလဲမွေးမြူရေးနှင့် ပြည်တွင်/ ပြည်ပက ပုလဲမွေးမြူရေးစခန်း ကုမ္ပဏီတွေကို ရွှေအိုရောင်ပုလဲ မွေးမြူရေး သုတေသနတွေကို လုပ်ဆောင်ခိုင်းထားပါတယ်။ မြိတ်ကျွန်းစုဒေသမှာ ပုလဲမွေးမြူရေး ထွက်ရှိတဲ့ မုတ်ကောင်များမှာ ငွေရောင်ပုလဲထွက်ရှိတဲ့အကောင်က နည်းပါးတဲ့အတွက်ကြောင့် မို့လို့ လက်ရှိမှာ ရွှေရောင်ပုလဲကို အဓိကထား ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ပုလဲမွေးမြူရေးနဲ့ ပတ်သက်ပြီး သုတေသနတွေ အများကြီး ဆောင်ရွက်နေပါတယ်။ ရွှေအိုရောင် ပုလဲများကို အလုံးအရင်းနဲ့ ထုတ်လုပ် မွေးမြူရောင်းချနိုင်ဖို့ ကြိုးစားနေတယ်’’လို့ ပြောပါတယ်။

မြန်မာ့ပုလဲဟာ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်း ကျွန်းတွေနဲ့ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ ကျွန်းတွေမှာ ပုလဲမွေးမြူရေး စခန်းတွေကို ထုတ်လုပ်မွေးမြူနေရာ နိုင်ငံပိုင် ပုလဲမွေးမြူရေးစခန်းနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပုလဲမွေးမြူရေး ကုမ္ပဏီများ စုစုပေါင်း (၁၂) ခုရှိတယ်လို့ သိရပါတယ်။

မြိတ်ကျွန်းစုဒေသထွက် ရွှေအိုရောင် မြန်မာ့ပုလဲဟာ ကမ္ဘာမှာ စိတ်ဝင်စားမှု မြှင့်တက်နေ သလို အာရှနှင့် ဥရောပနိုင်ငံအများစုမှ ကုန်သည်တွေ လာရောက် ၀ယ်ယူကြကြောင်းနဲ့ ၀ယ်ယူမှု အများဆုံး နိုင်ငံမှာ ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာ့ပုလဲကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ဟောင်ကောက်နိုင်ငံ ဟောင်ကောင်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၆) ကြိမ်မြောက် ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ သွားရောက် ပြသနေကြောင်း သိရပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013