DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင် အာမခံချက်ပေးရေး ကိုကာကိုလာ စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
February 25, 2018
အလုပ်အကိုင် အာမခံချက်ပေးရေး ကိုကာကိုလာ စက်ရုံအလုပ်သမားများ ဆန္ဒပြ
1 / 4
Donate to DVB

 

လုပ်ငန်းခွင်ပြန်လည်စုဖွဲ့ခြင်း ခေါင်းစဉ်နဲ့ အလုပ်ထုတ်တာတွေ ရှိနေလို့ အလုပ်အကိုင်အာမခံချက်ပေးဖို့ တောင်းဆိုချက်နဲ့ ကိုကာကိုလာအချိုရည်စက်ရုံက အလုပ်သမား ၂၀၀ လောက် စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မှော်ဘီမြို့နယ်နဲ့ လှိုင်သာယာမြို့နယ် ကိုကာကိုလာအချိုရည်စက်ရုံတွေက အလုပ်သမားတွေဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မှော်ဘီမြို့နယ် ဟစ်တိုင်မှာ ဆန္ဒပြခဲ့တာပါ။

မှော်ဘီမြို့နယ် ကိုကာကိုလာ အလုပ်သမား သမဂ္ဂဥက္ကဌ ဦးမိုးကျော်အောင်က “ကျနော်တို့ စက်ရုံ သယ်ယူပို့ဆောင်ရေး ကဏ္ဏက အလုပ်သမား ၁၇၀လောက်ကို အလုပ်ထုတ်တော့ ဘာကြောင့်ဆိုတာ စက်ရုံကိုမေးတော့ ရုံးချုပ်က ညွှန်ကြားလို့လို့ ပြောတယ်။ ဒါဆို တခြားဌာနတွေကိုရော ရုံးချုပ်က ညွှန်ကြားရင် ဖြုတ်မှာလား။ အာမခံချက် မရှိဘူး။ အဲဒီ့အတွက် အလုပ်အကိုင် အာမခံချက်ပေးဖို့ ခုလို ဆန္ဒဖော်ထုတ်ရတာပါ”လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။

မူလက စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်ဖို့ တင်ခဲ့ပေမယ့် သက်ဆိုင်ရာက မြို့နယ် ဟစ်တိုင်ဖြစ်တဲ့ မှော်ဘီမြို့နယ် အားကစားကွင်းကိုပဲခွင့်ပြုခဲ့ပါတယ်။

ကိုကာကိုလာ အချိုရည်စက်ရုံ သယ်ယူပို့ဆောင်ရေးကဏ္ဏကို တခြား Third Party ကုမ္ပဏီ ၃ခုကို လွှဲပြောင်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်ရုံသယ်ယူပို့ဆောင်ရေးဌာနမှာ တာဝန်ထမ်းဆောင် နေတဲ့ အလုပ်သမား အားလုံးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အလုပ်က ထုတ်ပယ်ကြောင်း အသိပေးခဲ့ပြီး မှော်ဘီမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးမှာ အကြိမ်ကြိမ်ညှိနှိုင်းချက်အရ ဥပဒေအတိုင်းလျော်ကြေးပေးဖို့ ကုမ္ပဏီဘက်က သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013