DVB Logo
Home
မြန်မာသတင်း
ကာလီယမ္မန်မယ်တော်ပွဲ လူကိုအပ်ထိုးပြီး ကရိန်းဖြင့်ချိတ်ဆွဲသည့် ပူဇော်ပွဲ ကျင်းပ
DVB
·
February 25, 2018
ကာလီယမ္မန်မယ်တော်ပွဲ လူကိုအပ်ထိုးပြီး ကရိန်းဖြင့်ချိတ်ဆွဲသည့် ပူဇော်ပွဲ ကျင်းပ
1 / 10
Donate to DVB

 

ပဲခူးတိုင်း နတ္တလင်းမြို့မှာ ၂၃ ကြိမ်မြောက် ကာလီယမ္မန် မယ်တော်အထိမ်းအမှတ် အနေနဲ့ ပထမဆုံးအကြိမ် လူကိုအပ်ထိုးပြီး ကရိန်းနဲ့ချိတ်ဆွဲတဲ့ ပူဇော်ပွဲတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို နတ္တလင်းမြို့ သာဇီရပ်ကွက်အမှတ် ၃၀ သစ်စက်ဝန်းအတွင်းရှိ ကာလီယမ္မန် မယ်တော် ကျောင်းဝင်းထဲမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီကနေ တာပွန်လမ်း၊ ပညာ့ဂုဏ်ရည်လမ်း၊ ရိပ်သာလမ်း၊ သရက်တောကျောင်းလမ်း၊ ကံကြီးလမ်း၊ ဗဟိုလမ်း၊ ဈေးလမ်း၊ ဇီးကုန်းလေးအပြင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းလမ်း၊ ရန်ကုန် ပြည်လမ်း တွေကို လှည့်လည်ပူဇော်ခဲ့ကြပါတယ်။

ညနေ ၄ နာရီခန့်မှာ ဥပုသ် သီလယူထားတဲ့ သူတွေကို စည်ပင်ကန်မှာ ရေချိုးသန့်စင်ပြီး ကျောင်းဝင်းထဲမှာ ဘုရားဝတ်ပြု အဓိဋ္ဌာန်ပြုလုပ်ပြီး အပ်တွေနဲ့ကျောကုန်းတွေကို ထိုးစိုက်ကြပါတယ်။ အပ်ထိုးထားသူတွေထဲက တယောက်ကို ကရိန်းကား မှာချိတ်ပြီး လူကိုတွဲလောင်းဆွဲလို့ မြို့ထဲကို လှည့်လည်ပါတယ်။ ကျန်တဲ့ အပ်ထိုးထားသူတွေထဲက ၂ ယောက်ကို ကားတစီးနှုန်းနဲ့ဆွဲကြပြီး တခြားအပ်စိုက်ထားသူတွေကတော့ အုန်းသီးစိမ်းတွေကို ချိတ်ဆွဲပြီး လှည့်လည်ခဲ့ကြပါတယ်။

မယ်တော်ကျောင်းဂေါပက ဥက္ကဋ္ဌ ဦးအေးလွင်က “သူတို့အဖွဲ့တွေက ကျောက်ဆည်မြို့က လာတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျောက်ဆည်မြို့မှာ ပထမအကြိမ်အနေနဲ့ အခုလိုမျိုး ကရိန်းနဲ့ဆွဲတာအောင်မြင်ခဲ့လို့ သူတိုအဖွဲ့တဖွဲ့လုံးကို ဒီကိုဖိတ်ပြီး အခုပွဲကိုလုပ်တာ”လို့ ပြောပါတယ်။

ပွဲဦးဆောင်သူ ကိုခင်မောင်မြင့် က “ဒီဟာက ကျန်းမာရေး၊ စီးပွားရေးတွေ အဆင်ပြေချင်သူတွေက မယ်တော်ကို အားကိုးယုံကြည်ကြပါတယ်။ ဒါကြောင့် နှစ်စဉ် ဒီပွဲလုပ်ဖို့ နယ်တွေကလည်း လာကြတယ်”လို့ ပြောပါတယ်။

မယ်တော်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အလံတင် အခမ်းအနားနဲ့စတင်ခဲ့ပြီး ဒုတိယနေ့မှာ မြို့တွင်းလှည့်လည်ပြီး တတိယနေ့မှာ မီးနင်းပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013