DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်
DVB
·
February 25, 2018
ညောင်လေးပင်မြို့တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်
1 / 5
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက စိန်ဂျိုးဇက်ခရစ်ယာန်ဥယျာဉ်ဝင်းအတွင်း လျှပ်စစ်ဝါယာကြိုးအပှုလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ညောင်လေးပင်မြို့၊ မြို့မ ၃ ရပ်ရပ်ကွက် ရုံးပေါင်းစုံလမ်း စိန့်ဂျိုးဇက်ခရစ်ယာန် ဥယျာဉ်ဝင်း အတွင်းရှိ အစောင့်နေအိမ်မှာ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့တာပါ။

မီးလောင်ရာနေရာကို ညောင်လေးပင်မြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ည ၉ နာရီ ၁၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ညောင်လေးပင်မြို့နယ်၊ မီးသတ်စခန်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ ပျဉ်းခင်း ၂ ထပ်နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အတွင်းရှိ ဦးအေးထွန်းမှာ ထိတ်လန့်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ရပါတယ်။ နေအိမ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂ သိန်း ၃ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းက စိန့်ဂျိုးဇက်ခရစ်ယာန်ဥယျာဉ်ဝင်း အတွင်းရှိ အစောင့် ဦးအေးထွန်းကို လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲမှု ရာဇသတ်ကြီးပုဒ်မ-၂၈၅  နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013