DVB Logo
Home
မြန်မာသတင်း
၂၀၁၈-၁၉ ဘက်ဂျက်တွင် ဆေးကုရေယာဉ် ၂ စီးအတွက် ထည့်သွင်းတောင်းခံမည်
DVB
·
February 25, 2018
၂၀၁၈-၁၉ ဘက်ဂျက်တွင် ဆေးကုရေယာဉ် ၂ စီးအတွက် ထည့်သွင်းတောင်းခံမည်
Donate to DVB

 

၂၀၁၈-၁၉ ဘက်ဂျက်မှာ ဆေးကုရေယာဉ် (Swimming Doctor) ၂ စီးစာအတွက် ထည့်သွင်းတောင်းခံသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဦးမောင်ကျော်ဇံမေးမြန်းတဲ့ ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်အတွက် ဆေးကုရေယာဉ် (Swimming Doctor) အနည်းဆုံး ၁ စီးခန့် သို့မဟုတ် လုံလောက်စွာချထားပေး ဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။

ရခိုင်မှာတင်မဟုတ်ဘဲ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ဒါမျိုးသင်္ဘောတစ်စီးရှိရင် မြန်မာနိုင်ငံအထက်ပိုင်းကနေ အောက်ပိုင်းထိ မြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အများကြီး လုပ်ပေးလို့ရတယ်လို့ ပြောပါတယ်။ သင်္ဘောအလှူရှင်ရှိရင် ၀န်ကြီးဌာနဘက်က လိုအပ်တာတွေဖြည့်ဆည်းပေးဖို့ အသင့်ပဲလို့လည်း ဆိုပါတယ်။

ဒီလို Swimming Doctor(Mobile clinic)တွေဟာ သွားလာရေးခက်ခဲတဲ့ ဒေသတွေ၊ ကျန်းမာရေး အဆင့်နိမ့်တဲ့ နေရာတွေ၊ ကျန်းမာရေးဆေးခန်းဖွင့်ဖို့ ခက်ခဲတဲ့နေရာတွေနဲ့ ထူးခြားတဲ့ ကျန်းမာရေးပြဿနာတွေရှိတဲ့နေရာတွေမှာ သွားသင့်သလို ကပ်ရောဂါဖြစ်တဲ့အချိန်မှာလည်း ဒါမျိုးနဲ့ လုပ်ရတယ်လို့ ဆိုပါတယ်။

Mobile clinic ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအတွက် အရေးကြီးတဲ့ မဟာဗျုဟာ၊ နည်းဗျုဟာတစ်ခုဖြစ်ပေမယ့်လည်း ၀န်ကြီးဌာနအနေနဲ့ ဆောင်ရွက်တာ နည်းပါးတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013