DVB Logo
Home
မြန်မာသတင်း

မာန်အောင်ကျေးရွာအနီးတွင် NMSP နှင့် KNLA တို့ ပစ်ခတ်မှုဖြစ်ပွား

DVB
·
February 25, 2018
မာန်အောင်ကျေးရွာအနီးတွင် NMSP နှင့် KNLA တို့ ပစ်ခတ်မှုဖြစ်ပွား
Donate to DVB

 

မွန်ပြည်နယ် ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း ၁၆ တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မာန်အောင်ကျေးရွာနဲ့ ၈ မိုင်လောက်အကွာ တောင်ကုန်းတွေအနီးမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ  တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “အခြေအနေက တခဏ ပါပဲ။ ထိခိုက်ဒဏ်ရာရာမှုနဲ့ ပတ်သက်လို့ လှမ်းမေးတော့ မရှိဘူးလို့ကြားပါတယ်”လို့ ပြောပါတယ်။

မာန်အောင်ကျေးရွာနေ ဒေသခံတဦးက ''မနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်တယ်လို့ ကြားသိရတယ်။ ကရင်ဘက်က သေနတ် ၂ လက် ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ တိုက်ပွဲက ခဏလေးပဲလို့လည်း သိရပါတယ်။ ထိခိုက် ဒဏ်ရာရတာ မကြားရသေးဘူး” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ KNLA တပ်ရင်း ၁၆ ထံဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထား ပါတယ်။

သတင်း - ၀င်းနိုင်သက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013