DVB Logo
Home
မြန်မာသတင်း
နန်းကျဘုရင် စာအုပ်အကြောင်း ရေးသူ၊ ဖတ်သူ ဆွေးနွေး
DVB
·
February 25, 2018
နန်းကျဘုရင် စာအုပ်အကြောင်း ရေးသူ၊ ဖတ်သူ ဆွေးနွေး
1 / 5
Donate to DVB

 

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဧကရာဇ်ဘုရင်ဖြစ်တဲ့ သီပေါမင်းနဲ့ သူရဲ့မိသားစုအကြောင်း ရေးသားထားတဲ့ “နန်းကျဘုရင်" စာအုပ်နဲ့ပတ်သက်ပြီး စာရေးသူ၊ စာဖတ်သူ စကားဝိုင်းဆွေးနွေးပွဲတခုကို Yangon Book Plaza မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ စာအုပ်ကို မူရင်းရေးသားသူ ဆရာမ ဆူဒါရှား (Sudha Shah)၊ မြန်မာပြန်သူ ဆရာဝင်းငြိမ်းတို့နဲ့အတူ ဆရာမ မသီတာ(စမ်းချောင်း)က ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် သီပေါမင်းရဲ့ဆွေမျိုးတော်ဆက်တဲ့သူတွေပါ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

နန်းကျဘုရင်စာအုပ်ကို ဆရာမဆူဒါရှားအနေနဲ့ ၈ နှစ်ကြာ အချိန်ယူလေ့လာပြီး သီပေါမင်းရဲ့ဆွေတော်မျိုးတော်တွေကို အင်တာဗျူးပြီး ရေးသားခဲ့တာပါ။

စာအုပ်ရဲ့အဓိက အကြောင်းအရာတွေကတော့ သီပေါမင်းပါတော်မူပြီး အိန္ဒိယနိုင်ငံ ရတနာဂီရီမြို့ မှာ နေထိုင်ခဲ့ရတဲ့ နောက်ပိုင်းအကြောင်းအရာတွေကို ရေးသားထားတာပါ။

ဒါ့အပြင် သူ့အနေနဲ့ ဒီစာအုပ်ကို ရေးသားဖို့အတွက် သီပေါမင်းအကြောင်း ပါဝင်တဲ့ မြန်မာသမိုင်းစာအုပ်ပေါင်း ၁၀၀ ကျော်ဖတ်ရှုခဲ့ရတယ်လို့ ဆရာမ ဆူဒါရှားက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013