DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပါတီညီလာခံ ယခုနှစ်အတွင်း ကျင်းပမည်ဟု ဦးဉာဏ်ဝင်း ပြော
DVB
·
February 25, 2018
အန်အယ်လ်ဒီ ပါတီညီလာခံ ယခုနှစ်အတွင်း ကျင်းပမည်ဟု ဦးဉာဏ်ဝင်း ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ညီလာခံကို ဒီနှစ်အတွင်း ကျင်းပပြုလုပ်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ဝန်းအတွင်းက အစည်းအဝေးခန်းမမှာ မနေ့ကကျင်းပတဲ့ ပါတီရဲ့ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ အချိန်များများ ယူလိုက်တာကတော့ ကျနော်တို့ပါတီ ညီလာခံတခုလုပ်ဖို့ စဉ်းစားပါတယ်။ ရက်ကတော့ မသတ်မှတ်ရသေးဘူးပေါ့။ ခန့်မှန်းခြေ ဒီနှစ်ထဲမှာ ညီလာခံ လုပ်ရင် ဘာတွေ လုပ်သင့်တယ်ဆိုတာတွေကို အဓိကဆွေးနွေးပါတယ်။ ညီလာခံဆိုတာကတော့ ကွန်ကရက်ပေါ့။ ပါတီရဲ့ညီလာခံကြီးပေါ့ ၂၀၂၀ မတိုင်ခင် လုပ်ဖို့ပေါ့။ ခန့်မှန်းခြေကတော့ ဒီနှစ်ထဲ လုပ်ဖို့ပေါ့။"

အဲဒီညီလာခံမှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီပါတီမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ သူရဦးတင်ဦးက နယကအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာ အောင်မိုးညို၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့် အစရှိသူတို့အပါဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

အခု ကျင်းပပြုလုပ်မယ့် ပါတီညီလာခံဟာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ပထမအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လပိုင်းက ကျင်းပပြုလုပ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013