DVB Logo
Home
မြန်မာသတင်း
တိုက်ကြီး တိုးဂိတ်ပြောင်းရွှေ့ပေးရန် ယာဉ်ပိုင်ရှင် ၁၀၀ ကျော် ဆန္ဒပြ တောင်းဆို
DVB
·
February 24, 2018
တိုက်ကြီး တိုးဂိတ်ပြောင်းရွှေ့ပေးရန် ယာဉ်ပိုင်ရှင် ၁၀၀ ကျော် ဆန္ဒပြ တောင်းဆို
Donate to DVB

တိုက်ကြီးမြို့မှာရှိတဲ့ တိုးဂိတ်ကို ပြောင်းရွှေ့ပေးဖို့ ယာဉ်ပိုင်ရှင် ၁၀၀ ကျော်က ကားစီးရေ ၅၀ ကျော်နဲ့ ဒီနေ့မနက် ၉ နာရီက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တိုးဂိတ် တည်နေရာ ပြောင်းရွှေ့တည်ဆောက်ပေးရေး၊ BOT ပဋိညာဉ်စာချုပ်ပါ အချက်အလက်များအား ပြည်သူလူထု ပွင့်လင်းစွာ ဖော်ပြပေးရေး၊ စာချုပ်ပါ အချက်အလက်အတိုင်း tollplaza များ တည်ဆောက်ပေးရေး၊ ဟိုင်းဝေးလမ်းမကြီးမှာ မြို့ဝင်ကြေး ခွန် ဘီးခွန်ငွေကောက်ခံခြင်း ဥပဒေများအား ဖျက်သိမ်းပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ခဲ့ပါတယ်။

ဦးဆောင်သူ ယာဉ်ပိုင်ရှင် ဦးမျိုးမင်းသူက “ကျနော်တို့ တိုက်ကြီးက ဒေသထွက်ကုန်တွေရှိတဲ့အတွက် နေ့စဉ်ရန်ကုန်ကိုသွားရတယ်၊ သွားတဲ့အခါမှာရော ပြန်တဲ့အခါမှာပါ မြို့ဝင်ကြေးဘီးခွန်ဆိုပြီး အခွန်ဆောင်ရတယ်။ တိုက်ကြီးမြို့က ကားက အသွားတုန်းကလည်း အခွန်ဆောင်ထားသလို အပြန်လည်း အခွန်ဆောင်ရတယ်ဆိုတော့ ကျနော်တို့ မြို့ခံယာဉ်ပိုင်ရှင်တွေ အရမ်းအခက်အခဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အပါအဝင် ၀န်ကြီးဌာနတွေကို လက်မှတ်ထိုးအင်အား ၃၀၀ ကျော် လက်မှတ်ထိုးပြီး စာတင်ထားပါတယ်” လို့ပြောပါတယ်။

ယာဉ်ပိုင်ရှင် ဦးထွန်အောင်က “တိုက်ကြီးတိုးဂိတ်နဲ့ သာယာဝတီ တိုးဂိတ်အကွာအဝေး ၃၃ မိုင်ရှိတယ်။ မှော်ဘီတိုးဂိတ်နဲ့က ၂၃ မိုင်ကွာဝေးတယ်။ BOT ပဋိညာဉ်စာချုပ်ပါအရ တိုးဂိတ်တခုနဲ့ တခုကိုမိုင် ၅၀ အကွာ ထားရှိရမယ်ဆို တိုက်ကြီးမြို့ တိုးဂိတ်က မရှိသင့်ပါဘူး။ ယာဉ်ကြီးယာဉ်ငယ်အလိုက် ၅၀၀ ကျပ်ကနေ ၄၅၀၀ ကျပ်အထိ ကောက်တယ်။ တိုးဂိတ်တခုတည်းအတွက်တင် ကောက်တာမဟုတ်ဘူး။ သာယာဝတီတိုးဂိတ်ကြေးပါ ပေါင်းကောက်တဲ့အတွက် မကြာခဏ စကားများရတယ်။ ၀န်ထမ်းတွေကလည်း ရိုင်းပြစွာ ဆက်ဆံတဲ့အတွက် အခက်အခဲတွေ အများကြီးဖြစ်ပေါ်တဲ့အတွက် အခုလိုဆန္ဒထုက်ဖော်တာပါ” လို့ ပြောပါတယ်။

တိုက်ကြီးမြို့မှာ ယာဉ်ကြီးယာဉ်ငယ်အစီးရေ ၁ ထောင်ကျော်ရှိပြီး နေ့စဉ် ရန်ကုန်မြို့ကို ကားစီးရေ ၈၀၀ ကျော်တို့က ဒေသထွက်ကုန်တွေ ပို့ဆောင်နေရပြီး တိုက်ကြီးတိုးဂိတ် မြို့ဝင်ကြေးနဲ့ ဘီးခွန်ပေးဆောင်နေရကြောင်း၊ အခုအခါသတ်မှတ်ဈေးနှုန်းများအတိုင်း ကောက်ခံခြင်းမဟုတ်ဘဲ ကျော်လွန်ကောက်ခံနေကြောင်း ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013