DVB Logo
Home
မြန်မာသတင်း
သံတွဲအမှိုက်ပုံ မီးလောင်ညှော်နံ့များကြောင်း ဒေသခံများ အခက်ကြုံ
DVB
·
February 24, 2018
သံတွဲအမှိုက်ပုံ မီးလောင်ညှော်နံ့များကြောင်း ဒေသခံများ အခက်ကြုံ
Donate to DVB

သံတွဲမြို့မှာ အမှိုက်ပုံမီးလောင်ပြီး ခုထိ မငြှိမ်းနိုင်သေးတာကြောင့် မြို့ပေါ်အထိ မီးခိုး ညှော်နံ့တွေနဲ့ ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အမှိုက်ပုံဟာ မြို့နဲ့ကပ်လျက်မှာ ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေအားလုံးရဲ့ စွန့်ပစ်အမှိုက်တွေကို ပစ်တာပါ။

“ဒါက တတိယအကြိမ်လောင်တာ။ အခု မီးခိုးတွေ တအားထွက်နေတာတော့ ၃ ရက်လောက် ရှိပြီ။ နေ့ဘက်တွေမှာ မသိသာပေမယ့် ညဘက်တွေမှာ တော်တော်ဆိုးတယ်။ မနေ့ညက စံပယ်လမ်း (အမှိုက်ပုံနဲ့ အနီးဆုံးမှာ ရှိတဲ့ လူနေရပ်ကွက်ကလမ်း) ကိုသွားကြည့်တာ ဆိုင်ကယ်တောင် မီးထိုးလို့ မပေါက်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီညှော်နံ့တွေကြောင့် နှလုံးရောဂါသည် အမျိုးသမီးယောက် သေဆုံးသွားခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအမှိုက်ပုံဟာ မြို့ပေါ်က အမှိုက်တွေနဲ့ ငပလီဟိုတယ်ဇုန်က အမှိုက်တွေကို စွန့်ပစ်ထားတာပါ။ ပြီးတော့ ခရိုင်ပြည်သူ့ဆေးရုံကြီးရဲ့ နောက်ဘက် ကပ်လျက်မှာ ရှိတာကြောင့် မသင့်တော်လို့ ပြောင်းဖို့သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်ဖြစ်တဲ့ ဦးအေးဇော်မင်းက “အခုဆို မြို့ထဲကအထိ မခံနိုင်ဘူး။ ပလတ်စတစ် ညှော်နံ့က ပိုဆိုးတယ်။ ဆေးရုံနဲ့လည်းနီးနေတယ်။ အမှိုက်ပုံကို လူနေအိမ်တွေနဲ့ ဝေးရာကို ပြောင်းဖို့ သင့်ပါတယ်” လို့ ပြောပါတယ်။

ဒီအမှိုက်ပုံကို ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း မီးလောင်ခဲ့သေးတာကြောင့် မြို့နယ်မီးသတ်က လာရောက်ငြှိမ်းသတ်ခဲ့ရပါသေးတယ်။

သံတွဲမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးလှဖော်ဇံက “မီးကတော့ မလောင်တော့ဘူး။ အောက်မှာ ပလတ်စတစ်တွေရှိနေတော့ တငွေ့ငွေ့လောင်နေတာ။ အခု ရေကားတွေရော၊ ဘက်ဟိုးတွေနဲ့ရော မီးသတ်နေပါတယ်။ ဘက်ဟိုး အသေးနှစ်စီးနဲ့ အောက်ကဟာတွေကို ဖော်နေရတယ်။ ၃ ရက် ဆက်တိုက် ရှိပြီ။ အခုလည်း သတ်နေပါတယ်” လို့ ပြောပါတယ်။

မြို့နဲ့ဝေးတဲ့ နေရာမှာ အမှိုက်ပုံဖို့ အတွက် မြေနေရာ တင်ပြတောင်းခံထားပေမယ့် အခုထိ မရသေး တာကလည်း အခက်အခဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအပေါ်မှာ ဖြေရှင်းပေးဖို့ မြို့နယ် အန်အယ်လ်ဒီရုံးကတဆင့်တင်ပြဖို့ လက်မှတ်တွေ ကောက်ခံ နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - ဇော်ဝင်းလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013