DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ကားကောင်းများ ထွက်ပေါ်ရေး Pre Production လုပ်ရန် မင်းသားနေတိုး တိုက်တွန်း
DVB
·
February 24, 2018
ရုပ်ရှင်ကားကောင်းများ ထွက်ပေါ်ရေး Pre Production လုပ်ရန် မင်းသားနေတိုး တိုက်တွန်း
Donate to DVB

ရုပ်ရှင်ဇာတ်ကားကောင်းတွေ ပေါ်ထွက်လာဖို့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေအနေနဲ့ Pre Production အတွက် အချိန်ပေးလုပ်ဆောင်ကြဖို့ သရုပ်ဆောင်အကယ်ဒမီနေတိုးက တိုက်တွန်းလိုက်ပါတယ်။

“Pre Production ကတော့ ကျနော်တို့ စပြီးလုပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်တခု အရင်ကတည်းက Pre Production ကိုပေးတယ်။ ဖလင်ခေတ်ကတည်းကပေါ့။ အဲဒီလိုတွေ ရိုက်လာခဲ့လို့လည်း ထွက်လာတဲ့ဇာတ်ကောင်တွေကကောင်းတယ်။ ကျနော်တို့ အနေနဲ့က လွန်ခဲ့တဲ့ ၆၊ ၇ နှစ်လောက်ကတည်းက Pre Production တွေနဲ့ယဉ်ပါးပြီးသားပါ။  အခုလည်း တချို့သရုပ်ဆောင်တွေ Pre Production ကို ၅ ရက် ၆ ရက်လောက်တော့ ယူပြီးလုပ်နေကြပါပြီ။ မလုပ်တဲ့သူတချို့လည်း ရှိပါသေးတယ်။”

“၂၀၁၈ ခုနှစ်လောက်ကစပြီး ကြိုတင်ပြင်ဆင်မှုလေးတွေပေးပြီး အနုပညာ ဖန်တီးမှုလေးတွေ လုပ်လာမယ်ဆိုရင် ၂၀၁၉ မှာ သေချာတဲ့၊ ပိုမိုကောင်းမွန်တဲ့အနုပညာ ဖန်တီးမှုတွေထွက်လာမှာ သေချာတယ်။ Pre Production ကို မလုပ်ကြသေးတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာတွေလည်း ရှိပါသေးတယ်။ အဲဒီအတွက် Pre Production  ကို လုပ်ဆောင်ကြဖို့လည်း ကျနော် တိုက်တွန်းချင်ပါတယ်” လို့ အကယ်ဒမီနေတိုးကပြောပါတယ်။

Pre Production လုပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက “တာတေကြီး” ရုပ်ရှင်ဇာတ်ကားဆိုရင်လည်း ပရိသတ်တွေသာမက၊ အနုပညာမောင်နှမ အချင်းချင်း ပြန်လည်အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး၊ အကယ်ဒမီမှန်းပေးတဲ့အထိကို ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ခဲ့ပါတယ်။

“ကျနော်တို့အရှေ့မှာရိုက်ခဲ့တဲ့ “တာတေကြီး” ရုပ်ရှင်ဇာတ်ကားမှာဆိုရင်လည်း အဝတ်အစားတွေက ရိုက်ခါနီးမှ ပြင်ဆင်တာမဟုတ်ဘူး။ ရိုက်ခါနီးမှကောက်ဝတ်လိုက်တာမျိုး မဟုတ်ဘူး။ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေ၊ ပြင်ဆင်မှုတွေကို ကြိုမလုပ်ထားဘူးဆိုရင် ပရိသတ်တွေရှေ့ကို သေသေသပ်သပ်နဲ့ရောက်လာမှာ မဟုတ်ပါဘူး။ ဒီဇာတ်ကား ရုံတင်တော့လည်း ပရိသတ်တွေ တကယ်ကို နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့တယ်။ ပရိသတ်တွေ တော်တော်များများကလည်း ဒီဇာတ်ကားနဲ့ ကျနော်ကို အကယ်ဒမီမှန်းပေးနေကြတယ်” လို့ အကယ်ဒမီနေတိုးကပြောပါတယ်။

သရုပ်ဆောင်အကယ်ဒမီနေတိုးအနေနဲ့ ၂၀၀၉ခုနှစ်က “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားနဲ့ လည်းကောင်း၊ ၂၀၁၅ခုနှစ်က “နက္ခတ်မှားတဲ့တိုက်ပွဲ” ရုပ်ရှင်ဇာတ်ကားနဲ့လည်းကောင်း အမျိုးသားဇာတ်ဆောင်ဆု၂ဆုကိုရရှိထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013