DVB Logo
Home
မြန်မာသတင်း
တမူးတွင် တရားမ၀င် ခရီးသည်တင်ယာဉ်များကြောင့် တရားဝင်ယာဉ်လိုင်းများ အခက်ကြုံ
DVB
·
February 24, 2018
တမူးတွင် တရားမ၀င် ခရီးသည်တင်ယာဉ်များကြောင့် တရားဝင်ယာဉ်လိုင်းများ အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ တရားမ၀င် ခရီးသည်တင်ယာဉ်တွေ ၀င်ရောက်ပြေးဆွဲနေတာကြောင့် တရားဝင်ယာဉ်လိုင်းတွေ အခက်အခဲဖြစ်နေကြပါတယ်။

အဲဒီကိစ္စကို တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို တိုင်ကြားထားပေမယ့်လည်း တရားမ၀င်ကြားကားတွေ ရှိနေဆဲဖြစ်ပါတယ်။

အခုလ ၁ ရက်နေ့ကတော့ သက်ဆိုင်ရာကညွှန်ကြားစာထုတ်ပြီး တရားမ၀င်ကြားကားတွေ ထည့်သွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တယ်လို.သိရပါတယ်။

ခရီးသည်တင် ကားငယ်လေးတွေကိုတော့ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင် ရွာတွေအထိ လိုက်ပြီး စည်းကမ်းကြပ်မတ်ပေးနေပါတယ်။

အဲဒါကြောင့် တရားဝင် လိုင်စင်ရယာဉ်လိုင်းတွေကိုလည်း မြို့အ၀င်အထွက် ၄ မိုင်ဂိတ်မှာ ယာဉ်အားလုံးသတင်းပို.ချိန်မှာ စနစ်တကျ စိစစ်ပေးစေချင်တယ်လို.သိရပါတယ်။

ဒါ့အပြင် တရားမဝင်ပြေးဆွဲတဲ့ကားတွေ များလာတာကြောင့် လိုင်းဝင်ထားတဲ့ ကားများအမျိုးမျိုး အခက်ခဲကြုံနေရပြီး ခရီးသည်လည်း နည်းသွားတယ်လို့ ရွှေရင်ခွင်ဦး ကားအသင်းက ဦးရဲလွင်က ပြောပါတယ်။

အခုလို အခက်အခဲတွေကို တင်ပြပေမယ့် အရေးယူဆောင်ရွက်မှု မရှိရင် တိုင်းဒေသကြီးအဆင့်အထိ ဆက်လက်တင်ပြသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

တမူးမြို့မှာ တမူး - မန္တ​လေး ပြေးဆွဲနေတဲ့ တရားဝင်ကားအသင်း ၁၁ လိုင်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013