DVB Logo
Home
မြန်မာသတင်း
လားရှိုးမိုင်းပေါက်ကွဲမှု အပြင်းအထန်ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
February 24, 2018
လားရှိုးမိုင်းပေါက်ကွဲမှု အပြင်းအထန်ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

လားရှိုးမှာ မိုင်းပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်စေပြီး အပြင်းအထန် ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီကျော်က လားရှိုးမြို့ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်ကြားမှာ ဒေသန္တရမိုင်းတလုံးပေါက်ကွဲပြီး ရိုးမဘဏ် ဝန်ထမ်း အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

မိုင်းထောင်သူကိုတော့ စိစစ်ဆဲ အဖွဲ့အစည်းဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013