DVB Logo
Home
မြန်မာသတင်း
တောင်​ငူမြို့တွင် ​​ဗုံးသီး​ဟောင်း ၁ ​လုံး ​တွေ့ရှိ
DVB
·
February 24, 2018
တောင်​ငူမြို့တွင် ​​ဗုံးသီး​ဟောင်း ၁ ​လုံး ​တွေ့ရှိ
Donate to DVB

ပဲခူးတိုင်း​ဒေသကြီး​တောင်​ငူမြို့၊ ရပ်​ကွက်​ (၁) ထီးလှိုင်​မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်​ ပိုင်းက လုံးပတ် ​၁ ​ပေ​လောက်ရှိတဲ့ ဒုတိယကမ္ဘာစစ်က ဗုံးသီးအဟောင်းတ​လုံးကို ​မြေကြီးပုံထဲက ​တွေ့ရှိခဲ့တယ်​လို့ သိရပါတယ်​။

“​တွေ့တာက ကိုဟန်​​ဇော်​ခြံမြေဖို့ဖို့ ဆိုပြီး ​တောင်​ငူအ​ရှေ့ဘက်​​လေးမိုင်​ဘက်​က​နေပြီး ​မြေကြီး​တွေ သွားသယ်​လာခဲ့တာ။ အဲ့ထဲမှာ ဗုံးသီးလို့ယူဆရတဲ့ သံလုံးကို ရပ်​ကွက်​ထဲက က​လေး​တွေ ​ဆော့​နေတာကို​ နယ်​​မြေမှူး ဦး​ကျော်​​ဆွေက ​တွေ့ပြီး အမှတ်​ ၂ နယ်​​မြေရဲစခန်းကို အ​ကြောင်းကြားတယ်။ နေ့လယ် ၂ နာရီ​လောက်​ကျတော့ အမှတ်​ (၉၁၁) စစ်​​မြေပြင် ​အင်​ဂျင်​နီယာတပ်​ရင်းက လူ​တွေနဲ့ အမှတ်​ ၈၄၈ စစ်​လက်​နက်​ပစ္စည်းတပ်​က လူ​တွေ ​ရောက်​လာကြပြီး​ ဒုတိယကမ္ဘာစစ်​လက်​ကျန်​​မြေမြုပ်​ဗုံးလို့ အတည်​ပြုပြီး သယ်​​ဆောင်​သွားတယ်” လို့ အုပ်​ချုပ်​​ရေးမှူးက ​ပြောပါတယ်​။

ဇန်​နဝါရီ ၂၂ ရက်​​နေ့ကလည်း ​တောင်​ငူခရိုင် ​ထန်းတပင်​မြို့နယ်​ထဲက မိုး​ကောင်း​ကျေးရွာမှာ က​လေး​တွေ ငါးနှိုက်​ရင်​ မိုး​ကောင်းအ​ရှေ့ဘက်​ ​ချောင်းထဲက ​အရှည်​ ၁၈ လက်​မ၊ လုံးပတ်​ ၁၄ လက်​မ​လောက်​ရှိတဲ့ ဗုံးသီးအ​ဟောင်းတ​လုံးကိုလည်း ​တွေ့ရှိခဲ့ပါ​သေးတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013