DVB Logo
Home
မြန်မာသတင်း
ထိုင်းလေကြောင်းလိုင်း မြိတ်မြို့ကို စတင်ပျံသန်း
DVB
·
February 23, 2018
ထိုင်းလေကြောင်းလိုင်း မြိတ်မြို့ကို စတင်ပျံသန်း
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ၊ မြိတ်မြို့ကို Nev Gen လေကြောင်းလိုင်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ စမ်းသပ်ပြီး စတင်ပျံသန်း ပြေးဆွဲခဲ့ပါတယ်။

လေယာဉ်ဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ လိုက်ပါလာတဲ့ စမ်းသပ်ပြေးဆွဲမှုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာစတင်ခဲ့ပြီး တကယ့်ပျံသန်းပြေးဆွဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ စတင်မယ်လို့ မြိတ်ရုံးခွဲ တာဝန်ခံ ဦးသာဓုက ပြောပါတယ်။

""ကျနော်တို့အနေနဲ့ မြိတ်ကခရီးသည်တွေကို ရန်ကုန်ကနေတဆင့် သွားစရာမလိုဘဲ တိုက်ရိုက်သွားလို့ရအောင် စီစဉ်ပြေးဆွဲခြင်းဖြစ်ပါတယ်။ ဗီဇာကိစ္စကိုလည်း ကုမ္ပဏီကနေ ၀န်ဆောင်မှုပေးပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒီနေ့စမ်းသပ်ပြေးဆွဲတာပါ၊ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကျရင် ပျံသန်းပြေးဆွဲမှုတွေ လုပ်တော့မှာပါ။ လူဝင်မှုကြီးကြပ်ရေးမှာလည်း ပတ်စပို့ စစ်ဆေးတာ Black List စာရင်းစစ်ဆေးတာတွေပါ စီစဉ်ထားပါတယ်” လို့ မြိတ်ရုံးခွဲမန်နေဂျာ ဦးသာဓုက ပြောပါတယ်။

ဘိုးရင်းအမျိုးအစား 737-400 လေယာဉ်ကြီးနဲ့ တပတ်ကို ၃ ရက် ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး တဦးကို အသွားအပြန်ဒေါ်လာ ၁၈၀ နဲ့ ဗီဇာကြေး ဒေါ်လာ ၃၀ ပေးရမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် New Gen နဲ့ မြန်မာနိုင်ငံအခြေစိုက် Tun Htaik Tin ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013