DVB Logo
Home
မြန်မာသတင်း
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်မြေပြို၍ မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
February 23, 2018
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်မြေပြို၍ မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်က မြေပြိုပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်က ဖူးခက် တလတ်ယိုင်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြေပြိုတဲ့ သတင်းပို့ချက်ရလို့ လူနာတင်ကားနဲ့အတူ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တယ်လို့ ဖူးခက်မြို့မရဲစခန်း တာဝန်ကျဒုရဲအုပ် ချနဆုထိမတ်က သတင်းထောက်တွေကို ပြောပါတယ်။

မြေပြိုမှုဖြစ်ပွားတဲ့နေရာဟာ ပုဂ္ဂလိကဆေးခန်း ဆောက်လုပ်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ ရေသန့်စင်ကန်ထားရှိဖို့ မြေတူးနေစဉ် အနီးက အမြင့် ၃ မီတာလောက်ရှိတဲ့ မြေသားအမြင့်က မြေတွေအောက်ကို ပြိုကျခဲ့ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာသုံးတဲ့  စက်တွေ တုန်ခါမှုကြောင့် မြေပြိုလာဟန်ရှိကြောင်း၊  မြေကြီးထဲ နစ်မြုပ်သလိုဖြစ်သွားတဲ့ အလုပ်သမားတွေကို ပြန်လည်တူးဖော်ရာမှာ သုံးဦးကိုသာ အသက်ရှင် ကယ်ဆယ်နိုင်ပြီး တဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေဟာ ဆုဝမ်ရတ်ဂန်ယိုးထား ဆောက်လုပ်ရေးကုမ္ပဏီက မြန်မာအလုပ်သမားတွေဖြစ်ပြီး  ဒဏ်ရာရသူသုံးဦးမှာ ဖူးခက်ဝချီရဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်၊ တဦး ဒဏ်ရာပြင်းထန်ပြီး နှစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013